Border News Agency
မောင်တော၊ စက်တင်ဘာ ၈။
မောင်တောမြို့နယ်၊ သုံးမိုင်ရှိ သီဟိုဠ်အေးကျေးရွာမှ မြိုကလေးတွေပညာရေးအတွက် အကူအညီတွေ လိုအပ်နေကြပါတယ်။
အဲဒီမြိုကလေးတွေပညာသင်နေကြတဲ့စာသင်ကျောင်းမှာ ကျောင်းသုံးသင်ပု န်းကြီး၊မြေဖြူတွေအပါအဝင်ကလေးတွေအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်တွေ၊ဗလစာအုပ်တွေ၊ခဲတံတွေ၊ဘောပင်တွေ၊ကျောင်းသုံးပစ္စည်းတွေလိုအပ်နေကြတယ်လို့ ဆရာ၊ဆရာတွေက ဆိုကြပါတယ်။
“KG မှာ ကလေးတွေကို စာသင်ပြဖို့ သ င်ပုန်းကြီးတခုလိုအပ်နေပါတယ်။ အဲဒီအပြင် ကလေးတွေအတွက်စာအုပ်တွေ လည်းလိုအပ်နေပါတယ်။”လို့ သီဟိုဠ်အေးကျေးရွာမှ ကျောင်းဆရာတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျေးရွာမှာ မြိုကလေးငယ်တရာခန့်ပညာသင်ကြားနေကြပေမယ့် မြိုလူမျိုတွေဟာ တောင်ယာလုပ်ငန်းတွေကိုသာလုပ်ကိုင်နေကြသူတွေမို့ ငွေကြေးမတတ်နိုင်ကြဘူးလို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စာသင်ဆောင်တွေစနစ်တကျမဆောက်လုပ်နိုင်သေးဘဲ ရွာကအ ဆောင်တခုမှသာဖြစ်သလို စာသင်နေကြရတာမို့ စာသင်ဆောင်လည်းလိုအပ်နေသေးတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
မောင်တောမြို့နယ်မှာကျောင်းသုံးပုံနှိပ်စာအုပ်တွေအပါအဝင် ဗလာစာအုပ်တွေလည်း စျေးကြီးနေတာမို့ ကျောင်း သား၊ကျောင်းသူအများစုဝယ်ယူနိုင်ကြဘူးလို့ ဆိုကြပါတယ်။
အဲဒါကြောင့် မြိုကလေးတွေ ပညာရေးအတွက် ကျောင်းသင်ပုန်းတွေ၊ စာအုပ်တွေ အကူအညီတွေ လိုအပ်နေကြတယ်လို ဆရာ၊ ဆရာမတွေက ဆိုကြပါတယ်။
“လက်ရှိစာပြနေတာမှာ အခက်အခဲက သင်ပုန်းကြီးအဓိကလိုအပ်လို့ ရှိနေပါတယ်။အဓိက KG တန်းမှာ လိုအပ်နေပါတယ်။အဲဒီအပြင်ဗလာစာအုပ်တအုပ်ကိုမြန်မာငွေ ၂၅၀၀ ဆိုတော့ ကျောင်း သားတွေမှာမဝယ်နိုင်တာ များပါတယ်။
ဒါကြောင့်သင်ပုန်းကြီးတချပ်နဲ့စာအုပ်တွေ့တော့ လိုချင်ပါတယ်။” လို့ သီဟိုဠ်အေးကျေးရွာမှ ကျောင်းဆရာမတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီသီဟိုဠ်အေးကျေးရွာဟာ မြိုစစ်ဘေးရှောင်တွေစုစည်းအိမ်ဆောက်နေ ထိုင်ပြီးကျေးရွာဖြစ်လာတာမို့ ကျေးရွာသားတွေဟာ စားဝတ်နေရေးအတွက်တောတောင်တွေမှာ ငါးရှာဟင်းခူးရော င်းချအသက်မွေးဝမ်းကျောင်းနေကြရပါတယ်။
သူတို့တွေဟာ ကျေးရွာစာသင်ကျောင်းတရားဝင်မရှိသေးတာမို့ ကလေးတွေပညာရေးအတွက် ရွာသားတချို့ကို ကျေးရွာမှ စုပေါင်းငွေကောက်ခံပြီးစာသင်ပေးနေကြတာဖြစ်ပါတယ်။
အဲဒီဆရာ၊ဆရာမတွေဟာလည်း မြိုကလေးတွေပညာရေးအတွက် ကျေးရွာမှထောက်ပံ့ငွေအနည်းငယ်ကိုယူပြီး စေတနာထားသင်ပြပေးနေကြတာမို့ ဆရာ၊ ဆရာမတွေအတွက်လည်း ထောက်ပံ့လှူဒါန်းနိုင်တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။