Border News Agency
စစ်တွေ၊ စက်တင်ဘာ ၁၁။
စစ်တွေမြို့မှာ စစ်ကော်မရှင်ဝန်ထမ်းတွေအပါအဝင် ပြည်သူတွေကို ရွေး ကောက်ပွဲအတွက်နိုင်ငံသားစစ်ဆေးရေးကဒ်ပြားတွေပြုလုပ်ပေးနေတယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့က စစ်ကော်မရှင်ထုတ်ပြန်ပါတယ်။
အဲဒီနိုင်ငံသားစစ်ဆေးရေးကဒ်ပြားတွေကို စစ်ကော်မရှင်ရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက စစ်တွေမြို့ဦးဥတ္တမခန်းမမှာ ပန်းခင်းစံမံချက်အဆင့် ၃ အရ ကွင်းဆင်းကာပြုလုပ်ပေးနေတယ်လို့ဆိုပါတယ်။
စစ်တွေမြို့မှာတာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကော်မရှင်ရဲ့တပ်ရင်းတပ်ဖွဲ့တွေ၊ဌာနဆိုင်ရာတွေမှဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကိုကွင်းဆင်းပြီး နိုင်ငံ သားစစ်ဆေးရေးကဒ်ပြားတွေပြု လုပ်ပေးခဲ့တာပါ။
အဲဒီအပြင် ကျန်တဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ပြည်သူတွေကိုလည်း ကွင်းဆင်းပြီးနိုင်ငံသားစစ်ဆေးရေးကဒ်ပြားတွေလုပ်ပေးသွားမယ်လို့ဆိုပါတယ်။
စစ်ဘေးရှောင်တွေအပါအဝင် စစ်ကော် မရှင်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေကိုလည်း လုပ်ပေးသွားမယ်လို့ဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက စစ်ကော်မရှင်တပ်ဟာ လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ထားတာမို့ အာရက္ခတပ်တော်ထိန်းချုပ်ထားနယ် မြေရှိ အရပ်သားပြည်သူတွေဟာ နိုင်ငံသားစစ်ဆေးရေးကဒ်တွေ ပြုလုပ်ခွင့်မရကြပါဘူး။
အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင် ဆယ့်ငါးမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကော်မရှင်တပ်ဟာ စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့တွေကိုသာ ထိန်းချုပ်ထားပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာသာ ရွေးကောက်ပွဲအတွက် နိုင်ငံသားစစ် ဆေးရေးကဒ်ပြားတွေပြုလုပ်ပေးနေတာပါ။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာရွေးကောက်ပွဲပြုလုပ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။






