Border News Agency
ကော့သောင်း၊ ဇွန် ၁၃။
တနင်္သာရီဒေသ၊ ကော့သောင်းမြို့နယ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ အမျိုးသား ၃ ဦးဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇွန်လ ၁၂ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇွန်လ ၉ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ အမျိုးသား ၃ ဦးဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီမြို့နယ် ပကဖမှ ပါချန်မြစ်ရိုးတလျှောက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မသင်္ကာစရာလှေတစီးကိုခေါ်ယူစစ်ဆေးရာ ခမောက်ငယ်ကျေးရွာမှအသက် ၃၀ အရွယ် ညီညီနဲ့ အသက် ၂၀ ဝန်းကျင်လူငယ် ၂ ဦးတို့ကို WY မူးယစ်ဆေးဝါး ၅၆၄ ပြားနဲ့အတူ ဖမ်းမိခဲ့တာလို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိခဲ့တဲ့ အမျိုးသား ၃ ဦးကို တရားဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမှာဖြစ်ပြီး ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတာတွေကို စစ်ဆေးတွေ့ရှိပါကလို့ ထိရောက်စွာအရေးယူဆောင်သွားမယ်လို့ ဆိုပါတယ်။










