Border News Agency
လောက်ကိုင်၊ စက်တင်ဘာ ၁၄။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ထိန်းချုပ်နယ်မြေအတွင်းအထူးဒေသ ၁ မှာ ရဲလုပ်ငန်းသင်တန်းဆင်းပွဲပြုလုပ်တယ်လို့ စက်တင်ဘာလ ၁၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို အထူးဒေသရဲတပ်ဖွဲ့မှ တပ်ခွဲအကြီးအကဲတွေ၊ ရဲတပ်ဖွဲ့အသီးသီး၊ အကျဉ်းထောင််ရုံး၊ ခရိုင်ရဲတပ်ဖွဲ့တွေမှသင်တန်းသား၊ သင်တန်းသူ ၁၅၀ နီးပါးခန့် တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းဆင်းပွဲကိုMNTJP ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီရဲ့ဒုတိယဥက္ကဋ္ဌ Mr. Peng De Li ၊အထူးဒေသရဲတပ်ဖွဲ့ ဒုတိယရဲမှူး ၂ Mr. Zi Xue Jin ၊ ဒုတိယရဲမှူး ၃ Mr. Lin Zi Hai ၊ကိုးကန့်ခရိုင်အုပ် ချုပ်ရေးကော်မတီရဲ့ဒုတိယခရိုင်မှူး၊ရဲမှူး Mr. Zhao De Xiang တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။