Border News Agency
ဘူးသီးတောင်၊ စက်တင်ဘာ ၁၆။
ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောင်ရွာအနီးမှာ ပစ္စည်းလုယက်ခံရလို့အမျိုး သမီးတဦးအသတ်ခံခဲ့ရပါတယ်။
အဲဒီဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ရွာမှမူဆာရ်အာလီရဲ့သမီးအသက်ငါးဆယ်ငါးနှစ်အရွယ်နုရ်ဘေဂွမ်ပစွည်းလုယက်အသတ်ခံခဲ့ရတာပါ။
သူမဟာ ရွက်ညိုတောင်ရွာအနီးမှာ ပြီးခဲ့တဲ့သြဂုတ်လ ၃၀ ရက်နေ့က ပစ္စည်းလုယက်အသတ်ခံခဲ့ရတယ်လို့ ဆိုကြပါတယ်။
အဲဒီလူသတ်မှုကျူးလွန်သူဟာ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ရွာမှမာမတ်ဟာတာရှိန်းရဲ့သားအသက်နှစ်ဆယ်ခုနှစ်နှစ်အရွယ်ခေါ်လီမူလာဖြစ်ပါတယ်။
သူမဟာ ပြီးခဲ့တဲ့သြဂုတ်လ ၃၀ ရက်နေ့ကဖုံညိုလိပ်ရွာမှအသက်နှစ်ဆယ်ခုနှစ်နှစ်အရွယ်ခေါ်လီမူလာနဲ့အတူကင်းတောင်ရွာမှအကြွေးသွားတောင်းချိန်လမ်းမှာ လုယက်အသတ်ခံခဲ့ရတာပါ။
သူမကို ခေါ်လီမူလာက လည်ပင်းညှစ် သတ်ပြီးအလောင်းကိုရေထဲကိုတွန်းချခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် သူမမှာပါလာတဲ့ရွှေတွေကိုလည်း ဖြုတ်ယူသွားတယ်လို့ ဆိုပါတယ်။
သူဟာအရင်ကအာရက္ခပြည်သူ့တော် လှန်ရေးအစိုးရရဲ့ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)မှာ အရံလုံခြုံရေးတပ်ဖွဲ့ဝင်သင်တန်းတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလူသတ်မှုကျူးလွန်သူကိုပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)က ဖမ်းဆီးထားပြီး ဥပဒေနဲ့အညီအပြစ်ပေးအရေးယူသွားမယ်လို့ဆိုပါတယ်။






