Border News Agency
မောင်တော၊ စက်တင်ဘာ ၁၉။
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်နဲ့မောင်တောခရိုင်က တချို့နေရာတွေမှာ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဝါဒဖြန့်လှုံ့ဆော်နေတယ်လို့အာရက္ခတပ်တော်(AA)က စက်တင်ဘာဘ ၁၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်ဟာ ပြည်သူ့လုံခြုံရေးတွေကို အချိန်ပြည့်မဆောင်ရွက်နိုင်သေးတာကိုအခွင့်ကောင်းယူပြီး အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေကဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းအခြေကုပ်ရယူထားတယ်လို့ဆိုပါတယ်။
အဲဒီလိုအခွင့်ကောင်းယူပြီးနတ်မြစ်နဲ့မယူတောင်လမ်းကြောင်းတွေကတဆင့် အာရက္ခဒေသရဲ့မောင်တောခရိုင်ကို ဝင်ရောက်လှုပ်ရှားနေတယ်လို့ဆိုပါတယ်။
မောင်တောခရိုင်အတွင်းသို့ နယ်စပ်မှတဆင့်ခိုးဝင်ရောက်ရှိလာကြတဲ့ အကြ မ်းဖက်အဖွဲ့တွေဟာလူသူကင်းမဲ့တဲ့တောတောင်တွေ၊လူပြတ်တဲ့နေရာတွေမှာ ဟင်းရှာ၊ထင်းခုတ်၊ဈေးဝယ်သွား လာနေကြတဲ့ဒေသခံပြည်သူလူထုတွေထဲမှမူဆလင်မဟုတ်တဲ့သူတွေကို ချော င်းမြောင်းပစ်ခတ်တာ၊ပြန်ပေးဆွဲတာ၊ သတ်ဖြတ်တာတွေကို ခုရက်ပိုင်းတွေမှာ ဆက်တိုက်လုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီအစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဟာ အာရက္ခတပ်တော်နဲ့တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတဲ့ပုံစံမျိုး တိုက်ပွဲအတုတွေဖန်တီးကာ သူတို့ကို ပိုပြီးထောက်ခံလာစေဖို့ ဝါဒဖြန့်လှုံ့ဆော်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် တောတောင်ထဲ၊ လူသွားလူလာပြတ်တဲ့နေရာတွေမှာတွေ့တဲ့ အာရက္ခဒေသခံပြည်သူတွေကိုဖမ်းဆီးသတ် ဖြတ်ပြီး အာရက္ခတပ်တော်ယူနီဖောင်းကိုလဲလှယ်ကာတိုက်ပွဲအတွင်း အာရက္ခတပ်တော်ရဲ့တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတဲ့ပုံစံမျိုးအဖြစ် လုပ်ကြံဖန်တီးပြီးဆိုရှယ်မီဒီယာတွေမှာ ပုံမှားရိုက်လှည့် စားပြီး သူတို့အပေါ် ထောက်ခံတဲ့အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေအား ပေးမှု၊ထောက်ပံ့မှုတွေရဖို့ ကြိုးစားနေတယ်လို့လည်းဆိုပါတယ်။
အဲဒီအစ္စလာမ်းမစ်အစွန်းရောက်အဖွဲ့တွေရဲ့အကြမ်းဖက်လှုပ်ရှားမှုတွေဟာအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့အပြစ်မဲ့အာရက္ခပြည်သူတွေရဲ့အသက်အိုးအိမ်၊စည်းစိမ်တွေကိုခြိမ်းခြောက်နေတာကြောင့် လုံခြုံရေးအရသတိထားရမယ့် အချိန်ကာလဖြစ်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင်နေထိုင်ကြတဲ့ အာရက္ခပြည်သူတွေအနေနဲ့တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေကိုသွားလာကြချိန်မှာ တဦးတည်း၊လူအနည်းနဲ့ သွားလာကြတာကို အတတ်နိုင်ဆုံးမပြုလုပ်ကြဖို့၊ကျန်းမာရေးကိစ္စ၊မသွားမဖြစ်သွား လာရမယ့်အရေးကြီးကိစ္စတွေရှိရင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ် ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတဲ့အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြပါဖို့ သတိပေးထားပါတယ်။
နယ်စပ်တလျှောက်စိမ့်ဝင်ကာ အာရက္ခပြည်သူတွေကိုအကြမ်းဖက်သတ်ဖြတ်နေတဲ့ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဟာ အာရက္ခပြည်အတွင်းဥပဒေချိုးဖောက်မှုတွေ၊အကြမ်းဖက်သောင်း ကျန်းလှုပ်ရှားနေတာတွေကိုကာကွယ်တိုက်ဖျက်ဖို့အတွက် ULA/AA အနေနဲ့လည်းအာရက္ခပြည်ရဲ့လုံခြုံရေးကိုအ ထူးတိုးမြှင့်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခ-ဘင်္ဂလားဒေ့ရှ် န ယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ အာရက္ခမိဘပြည်သူတွေအနေနဲ့ ULA/AAနဲ့ပူး ပေါင်းပါဝင်ကြရန်တိုက်တွန်းထားပါတယ်။