Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်လုံခြုံရေးတိုးမြှင့်သွားမယ်

(ဓာတ်ပုံ - အာရက္ခ-ဘင်္ဂလာနယ်စပ်မှာ နှစ်နိုင်ငံဆက်ဆံရေးဆောင်ရွက်နေကြတဲ့အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေနဲဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် / APM)

(ဓာတ်ပုံ - အာရက္ခ-ဘင်္ဂလာနယ်စပ်မှာ နှစ်နိုင်ငံဆက်ဆံရေးဆောင်ရွက်နေကြတဲ့အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေနဲဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် / APM)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ စက်တင်ဘာ ၂၀။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မောင်တောခရိုင်မှာလုံခြုံရေးတိုးမြှင့်သွားမယ်လို့ အာရက္ခတပ်တော် (AA)က စက်တင်ဘာ ၁၉ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီနေရာတွေမှာ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေ့ဟာ ဥပဒေချိုးဖောက်တာတွေ၊ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတာမို့ အာရက္ခတပ်တော်က လုံခြုံရေးတိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာပြည်သူ့ဝန်ဆော င်မှုတွေ၊လုံခြုံရေးတွေကိုတာဝန်ယူဆောင်ရွက်ရင်းစစ်အုပ်စုရဲ့တန်ပြန်ထိုးစစ်တွေကိုလည်း ခုခံစစ်ဆင်နွှဲနေရတယ်လို့ဆိုပါတယ်။

အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်နဲ့မောင်တောခရိုင်နေရာတချို့မှာ လုံခြုံရေးအချိန်ပြည့်မဆောင်ရွက်နိုင်တာကို အခွင့်ကောင်းယူပြီး အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေ့ဟာနတ်မြစ်နဲ့မယူတောင်လမ်းကြောင်းတွေကတဆင့် မောင်တောခရိုင်ထဲကို စိမ့်ဝင်လာတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် လူသူကင်းဝေးတဲ့တောတောင်တွေနဲ့လူပြတ်တဲ့နေရာတွေမှာ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ်သွားလာနေကြတဲ့ဒေသခံတွေထဲက မွတ်ဆလင်မဟုတ်တဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်တာတွေ၊ပြန်ပေးဆွဲတာတွေ၊သတ် ဖြတ်တာတွေကို ဆက်တိုက်ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။

နောက်ပြီး အာရက္ခတပ်တော်နဲ့တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတဲ့ပုံစံမျိုး တိုက်ပွဲအတုတွေဖန်တီးပြီးထောက်ခံမှုတွေပိုရလာအောင် ဝါဒဖြန့်တာတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာနေထိုင်ကြတဲ့ အာရက္ခပြည်သူတွေအနေနဲ့တောတောင်တွေလူပြတ်တဲ့နေရာတွေကိုသွားလာကြချိန်မှာ တဦးတည်း၊ လူအနည်းနဲ့သွားလာကြတာကို အတတ်နိုင်ဆုံးမပြုလုပ်ကြဖို့ကို သတိပေးထားပါတယ်။

အဲဒီအပြင်ကျန်းမာရေးကိစ္စ၊ မသွားမဖြစ်သွားလာရမယ့်အရေးကြီးကိစ္စတွေရှိရင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတဲ့အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြပါဖို့လည်း သတိပေးထားတာပါ။

အဲဒီအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာအစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေရဲ့အကြမ်းဖက်မှုတွေကြောင့် အာရက္ခပြည်သူတွေ၊အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေလည်း သတ်ဖြတ်ခံနေကြရတာမို့ အာရက္ခတပ်တော်ဟာ နယ်စပ်လုံခြုံ ရေးကို ပိုပြီးတိုးမြင့်သွားမယ်လို့ဆိုပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်း ရောက်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအခြေပြုလှုပ်ရှားနေကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရလက်နက်ကိုင်တာဝန်ရှိသူတချို့ အကြမ်းဖက်သမားတွေကိုအားပေးကူညီပေးနေကြတယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်း ရောက်တွေဟာ နတ်မြစ်အပါအဝင်ရေပြင်မှာလည်း ငါးဖမ်းသမားတွေဟန် ဆောင်ပြီး ဝင်ရောက်အကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် အာရက္ခ-ဘင်္ဂလာနယ်စပ်တလျှောက်ဟာ မိုင်ပေါင်းများစွာရှည် လျားတာမို့ အာရက္ခတပ်တော်က နေရာအားလုံးကို အချိန်ပြည့်လုံခြုံရေးမယူပေးနိုင်သေးလို စစ်သည်အင်အားအ များကြီးလိုနေပြီး လုံခြုံရေးဝန်ထမ်းတွေအကျင့်ပျက်ခြစားမှုတွေမဖြစ်ကြအောင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်းလိုအပ်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

PrevPreviousရေဖြူမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးအလင်းဝင်
Nextပေါက်တောမြို့နယ်က ငါးဖမ်းသမားခုနှစ်ဦးကို စစ်ကော်မရှင်တပ်ကဖမ်းဆီးNext
Previous Post

ရေဖြူမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးအလင်းဝင်

Next Post

ပေါက်တောမြို့နယ်က ငါးဖမ်းသမားခုနှစ်ဦးကို စစ်ကော်မရှင်တပ်ကဖမ်းဆီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page