Border News Agency
ချင်းပြည်၊ စက်တင်ဘာ ၂၆။
စစ်ကော်မရှင်လုပ်မယ့် တရားမဝင်အတုအယောင်ရွှေးကောက်ပွဲကို ကန့်ကွ က်တယ်လို့ ချင်းညီနောင်အဖွဲ့က စက်တင်ဘာလ ၂၅ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့လုပ်မှာဖြစ်ပေမယ့်ချင်းညီနောင်ကတော့ သူတို့ထိန်းချုပ်နယ် မြေတွေမှာ အတုအယောင်ရွေးကော က်ပွဲဖြစ်ဖို့ ကြိုးပမ်းနေတာကို တားမြစ်နေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ပြည်သူလူထုသ ဘောဆန္ဒမပါဘဲ တရားမဝင်ရွေးကော က်ပွဲ ဖန်တီးပြုလုပ်တာဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး ပြည်သူလူထုရဲ့အ ချုပ်အခြာအာဏာကို အတင်းအဓမ္မရ ယူဖို့ ကြိုးစားနေတာလို့ဆိုပါတယ်။
ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေပေမယ့်နိုင်ငံရေးအကျဉ်းသားတွေကိုဆက်ဖ မ်းဆီးထားထားတာ၊နိုင်ငံတဝှမ်းလုံးရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊စစ်အုပ်ချုပ်ရေးလိုဥပ ဒေတွေချထားပြီးပြည်သူကိုယ်စားပြုတဲ့နိုင်ငံရေးပါတီတွေမပါတာကြောင့်ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှ တမှုမရှိတဲ့အတုအယောင်ရွေးကောက် ပွဲဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဒီမိုကရေစီနည်းကျရွေး ကောက်တင်မြှောက်တဲ့အစိုးရဖြစ်မလာဘဲပဋိပက္ခကိုပိုပြီးကြီးထွားစေပြီး နိုင် ငံသားတိုင်းတန်းတူမဲပေးပိုင်ခွင့်မရှိဘဲ နိုင်ငံရေးအရထွက်ပေါက်ရှာနေတာဟာစစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းနေတာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ချင်းညီနောင်ဟာမြန်မာတနိုင်ငံလုံးရှိ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလက်တွဲကာဆန့်ကျင်သွားမှာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းစစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကို အား ပေးထောက်ခံတာမလုပ်ကြဖို့လည်း ဆိုပါတယ်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်စန စ်ကြောင့်အဖိနှိပ်ခံပြည်သူလူထုတွေရဲ့ ဘဝဆင်းရဲဒုက္ခကိုမငဲ့ဘဲ စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲမှာ ပါ ဝင်ယှဉ်ပြိုင်မယ့်နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ရွေးကော က်ပွဲဖြစ်မြောက်ဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဘယ်သူ့ကိုမဆို ချင်းညီနောင်အနေနဲ့ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် တော်လှန်ပြည်သူလူထုတွေအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့အသိပေးထားပါတယ်။