Border News Agency
နမ္မတူ၊ အောက်တိုဘာ ၂။
နမ္မတူနဲ့မန်တုံမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီးခြောက်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော် က အောက်တိုဘာလ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလိုစစ်ကော်မရှင်တပ်ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦးသေဆုံးပြီးကလေးတွေအပါအဝင် ခြောက်ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြည်သူတွေနေတဲ့နေရာကို ဒီနေ့မနက် ၇ နာရီ ၂၀ မိနစ်အချိန်ကလေကြောင်းမှ မ္မတူမြို့ကိုတလုံး၊ မန်တုံမြို့ကိုလေးလုံးထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် နမ္မတူမြို့ရှိအရပ်သားသုံးဦးသေဆုံးပြီး ကလေးအပါအဝင်ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်ရှစ်အိမ်လည်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမိုးကုတ်မြို့အနောက်ပိုင်း၊ရေထွက်ကြီးကျေးရွာကို အောက်တိုဘာလ ၁ ရက်၊မနေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦးဒဏ်ရာရသွားခဲ့ပြီးနေအိမ်တအိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဒေသခံတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြာင်းအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နိုင်လို့ စစ်ရေးအမြဲသတိရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။


















