Border News Agency
မောင်တော၊ အောက်တိုဘာ ၆။
မောင်တောမြို့နယ်မှာ နေအိမ်ခြံဝင်းအ တွင်းမြေမြုပ်မိုင်းနင်းမိလို့ မွတ်ဆလင်ကလေးတဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့၊လက်သာရပ်ကွက်၊ ဘာဆူဘမူဆလင်ကျေးရွာက မာမတ်ဆော်လိရ်ရဲ့သား အသက်ကိုးနှစ်အရွ ယ် ဆွေယောဒ့်နုရ်မှာ ညာဖက်ခြေ ထောက်နဲ့ညာလက်မှာဒဏ်ရာရသွားခဲ့တာပါ။
အဲဒီဆွေယောဒ့်နုရ်ဟာ အောက်တိုဘာ လ ၅ ရက်၊ညနေ ၆ နာရီအချိန်ခန့်က သူ့ရဲ့နေအိမ်ခြံဝင်းမှာ ကစားနေရင်း မြေမြုပ်မိုင်းနင်းမိခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီကျေးရွာတွေမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စခန်းချနေထိုင်ခဲ့ကြတာဖြစ်ပြီး နေအိမ်ခြံဝင်းအတွင်း မြေမြုပ်မိုင်းနင်မိကြတာတွေ အရင်ကလည်းဖြစ်ဖူး
ကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ဂြစ်ချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကမြေမြုပ်မိုင်းနင်းမိလို့ အ သက်ဆယ့်ကိုးနှစ်အရွယ်ကိုရွှေဘမှာ ညာဖက်ခြေထောက်တဖက်လုံးပြတ်ထွက်သွားခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာမောင်တောမြို့ နယ်တခုလုံးကို သိမ်းပိုက်ပြီးချိန်က တည်းက မိုင်းရှင်းလင်းရေးတွေ ပုံမှန်လုပ်ဆောင်ဆောင်ခဲ့ပါတယ်။
အဲဒီအပြင် ပြီးခဲ့တဲ့စက်တင်ဘာလ ၅ ရက်နဲ့ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ်က မြေမြုပ်မိုင်း ၁၂၈ လုံးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
မောင်တောမြို့နယ်မှ နေရပ်ပြန်ပြည်သူတွေ အသွားအလာ အဆင်ပြေစေဖို့ စစ်ကော်မရှင်တပ်စခန်းချခဲ့တဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေအပါအ ဝင်တောတောင်၊ကားလမ်း၊လူနေခြံဝင်းတွေကိုပါ အာရက္ခတပ်တော်မိုင်းရှင်း လင်းခဲ့တယ်လိုဆိုပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ် သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တ ရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေ ဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခ ဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေကို မကြာ ခဏပြုလုပ်နေသလို မြေမြင်တွေမှာလ ည်း မြေမြုပ်မိုင်းအန္တရာယ်အတွက်ဟောပြောပွဲတွေကိုပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိ ပညာဝေတာတွေ၊မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊စစ်ကျန်လက် နက်အန္တရာယ်တွေကို မကြာခဏကြုံ တွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊မိုင်အသိပညာပေးတာတွေကိုပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






