Border News Agency
မြောက်ဦး၊မေ ၃၁။
ဗြိတိန်တို့၏လိုတမျိုး မလိုတမျိုးစံနှုန်းအောက်က ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ(The Land Acquisition Act, 1894)အကြောင်း
လူပါးဝခြင်း
ဗြိတိသျှများသည် ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေ(The Land Acquisition Act, 1894)အား ကိုလိုနီနယ်မြေများတွင် လူပါးဝရန် ရေးဆွဲခဲ့သောဥပဒေဖြစ်သည်။
မည်သို့လူပါးဝသည်ကို ထို ၁၈၉၄ ခုနှစ် (၁၉ ရာစု)ကာလများအတွင်း ဗြိတိန် ပြည်တွင်းတွင် ကျင့်သုံးနေသော မြေသိမ်းဥပဒေများဖြင့် ယှဉ်ထိုးကြည့်ပါက အဖြေပေါ်လာသည်။
ထိုအချိန်များ၌ ဗြိတိန်ပြည်တွင်း၌ကား ထိုသို့မဟုတ်ပေ။ မဖြစ်မနေ ဝယ်ယူခြင်းစနစ်(Compulsory Purchase)၊၁၈၄၅ ခုနှစ်တွင် ပြဋ္ဌာန်းသောမြေယာဥပဒေအစု(The Lands Clauses Consolidation Act 1845)နှင့်အခြားအိမ်ရာ/ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေများကို အခြေခံကာမြေသိမ်းခဲ့ခြင်းဖြစ်သည်။
ဤသို့ဖြင့် ဗြိတိသျှတို့အနေဖြင့် မြေသိမ်းမှုဆိုသည့်ကိစ္စရပ်တခုကိုပင် မိမိတို့ ဗြိတိန်ကျွန်းစုတွင် ကျင့်သုံးပုံက တမျိုး ကိုလိုနီနယ်များတွင် ကျင့်သုံးပုံက တမျိုးလုပ်ပုံအား အောက်တွင် အနည်းငယ်နှိုင်းယှဉ်ပြပါမည်။
ဥပဒေကွာခြားချက်
ကိုလိုနီနယ်မြေများ အထူးသဖြင့် “ဗြိတိသျှအိန္ဒိယ”(British India)နယ်မြေ(ထိုအချိန်က အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊မြန်မာနိုင်ငံတို့ပါဝင်)တွင် ကျင့် သုံးရန် သီးသန့်ရေးဆွဲပြဋ္ဌာန်းခဲ့သော ကိုလိုနီနယ်မြေသုံးဥပဒေ ၁၈၉၄ ခုနှစ် ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ (The Land Acquisition Act, 1894)ကို ရေးဆွဲသည်။
ဗြိတိကျွန်းစုတွင်ကား မဖြစ်မနေ ဝယ်ယူခြင်းစနစ်(Compulsory Purchase)၊ ၁၈၄၅ ခုနှစ်တွင်ပြဋ္ဌာန်းသော မြေယာဥပဒေအစု(The Lands Clauses Consolidation Act 1845)နှင့်အခြားအိမ်ရာ/ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေများကို အခြေခံကာ ဗြိတိန်ပါလီမန် (Parliament)ထံကို အထူးဥပဒေကြမ်းတင်သွင်းကာ အတည်ပြုချက်တောင်းရသည့်စနစ်ကို ကျင့်သုံးနေသည်။
အနှစ်သာရအားဖြင့်ကွာခြားပုံ
ထိုအချိန်ကာလများက ဗြိတိန်ပြည်တွင်းတွင် မြေသိမ်းမှုမှာ အစိုးရဖြစ်စေ၊ကုမ္ပဏီတခုက မြေသိမ်းချင်ရင် ဗြိတိန်ပါ လီမန် (Parliament)ထံကို အထူးဥပဒေကြမ်းတင်သွင်းပြီး အတည်ပြုချက်တောင်းရသည့်အတွက် မြေပိုင်ရှင်လူ ထုဘက်မှပါလီမန်ထိ တက်ရောက်ကာ အပြင်းအထန်ထုချေကန့်ကွက်ပိုင်ခွင့် ရှိနေတော့သည်။
ဤအချက်က လူတဦးချင်းစီ၏ပုဂ္ဂလိ ကပိုင်ဆိုင်ခွင့်အခွင့်အရေးနှင့်လူ့အခွင့်အရေး(Natural Rights)ကို မြင့်မြတ်သောအရာအဖြစ်တန်ဖိုးထားမှု (Sacred Right to Private Property) အဖြစ် ကျင့်သုံးခြင်းဖြစ်ရာ ဒီမိုကရေစီဆန်လွန်းလှသည်။
ဗြိတိသျှအိန္ဒိယ ကိုလိုနီနယ်မြေများတွင်ကျင့်သုံးသော ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေက ဗြိတိန်ပြည်တွင်းမှ ဥပဒေလိုမဟုတ်။ အုပ်ချုပ်သူဗြိတိသျှအစိုးရ(ဘုရင်ခံချုပ်)မှ သဘောတူလျှင် ပါလီမန်သို့လည်း တင်စရာမလို၊ အမိန့်ကြေငြာစာထုတ်ပြီး မြေကို ချက်ချင်းသိမ်းနိုင် သည်။
ကိုလိုနီနယ်မြေရှိ ဗြိတိန်မဟုတ်သော ကျွန်ပြုခံရသူ မြေပိုင်ရှင်များ အနေဖြင့် “လျော်ကြေးနည်းသည့်အတွက်သာ ကန့်ကွက်ခွင့်ရှိတော့သည်။
အစိုးရက စီမံကိန်းလုပ်မည့်အတွက်မြေသိမ်းလိုပါက ဗြိတိန်မဟုတ်သူကို လိုနီနယ်သားများမှာ”မြေမပေးနိုင်ပါ” ဟု လုံးဝငြင်းဆန်ခွင့်မရှိအောင် အာ ဏာကို အစိုးရလက်ထဲ ပုံအောပေးထားသည်။
ကိစ္စရပ်တခုတည်းအပေါ် ဥပဒေအယူအဆခွဲခြားကာ လူပါးဝမှု
ဗြိတိသျှများအနေဖြင့် ၎င်းတို့၏”မိခင်ဗြိတိန်နိုင်ငံ”တွင် ၎င်းတို့နိုင်ငံသားများ မြေပိုင်ဆိုင်ခွင့်ကို ကာကွယ်ပေးသောဥပဒေအယူအဆ”အချုပ်အခြာအာဏာမူလပိုင်ရှင်မှာ ပြည်သူလူထု”အပေါ် ထိအခိုက် လုံးဝမခံပေ။
ထိုအယူအကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအချုပ်အခြာအာဏာ (Constitutional Supremacy)သဘော တရားနှင့်တရားမျှတသော ဥပဒေစိုးမိုးရေး(Rule of Law)အယူအဆက အားကောင်းနေတော့သည်။
ဗြိတိန်ကျွန်းစုတွင် သာမန်မရှိဆင်းရဲသား အင်္ဂလိပ်လူမျိုးတယောက်နှင့်ဗြိတိန်ဘုရင်တို့သည် ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိသည်။
၎င်းတို့၏ကိုလိုနီနယ် ဗြိတိသျှအိန္ဒိယ နယ်မြေများအတွက် မြေသိမ်းမှုတွင် ထို သို့မဟုတ်တော့။
ကိုလိုနီနယ်သားများကား လူနှင့်မတန်၊ဒီမိုကရေစီနှင့်မတန်၊အချုပ်အခြာအာဏာနှင့်မတန် ငါတို့ ဗြိတိသျှအုပ်ချုပ်သူများသာလျှင် အချုပ်အခြာအာဏာ ဖြစ်ပေတော့သည်။
သို့ဖြင့်၍ကိုလိုနီနယ်သားများကား ဗြိတိန်ကျွန်းစုရှိ လူများကဲ့သို့ အခွင့်အရေးမရှိ၊ရှိသမျှ အာဏာကို ငါတို့ အုပ်ချုပ်သူများကသာယူထားမည်ဆိုသော “Eminent Domain” အယူအဆကို ကိုင်စွဲထားသည်။
မြေထုရေထုလေထုကို နိုင်ငံတော်က ပိုင်သည်ဟု ကိုယ်လိုချင်သည့်အပိုင်းကို ကွက်ကာ ပြောကြားမှုမှာ ထို “Eminent Domain”အယူအဆမှလာခြင်းဖြစ်သ ည်။အမှန်က ၁၈၉၄ ခုနှစ် မြေသိမ်းဥပ ဒေသည် အချုပ်အခြာအာဏာအခွင့်အ ရေး(Sovereignty Rights)အား ပြည်သူ လူထုဘက်မှ အဓိပ္ပပါယ်မဆိုဘဲ အုပ် ချုပ်သူဘက်မှ”Eminent Domain” အခွင့်အရေးအား ရယူထားရန် လူပါးဝ ထားခြင်းဖြစ်သည်။အချုပ်အခြာအာ ဏာအခွင့်အရေး(Sovereignty Rights) ဟုပြောလာပါက”Eminent Domain” အခွင့်အရေးမှာအုပ်ချုပ်သူ အစိုးရဆိုသည့် လူထုအခိုင်းအစေများတွင်သာ ကွက်၍ ရှိသည်သာမဟုတ်။လူထုထံတွင်လည်း ပို၍ ရှိနေ၍ ဖြစ်သည်။
နောင်လာသည့်မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ
ဗြိတိန်ကျွန်းစုတွင် ကျင့်သုံးသော မြေသိမ်းဥပဒေနှင့်ကိုလိုနီနယ်မြေများတွင် ကျင့်သုံးသော မြေသိမ်းဥပဒေများကို ယှဉ်ထိုးကြည့်၍ ဗြိတိသျှများ လူပါးဝသည်ဟုပြောမည်သာ ပြောနေရသည်။
ဗြိတိသျှများက လူပါးဝယုံသာဝခဲ့သော်လည်း လူဆန်သေးသည့်အကြင်နာတရားရှိသေးသည်ဟု ဆိုရမည်ဖြစ်သည်။
ကိုလိုနီနယ်သားများအပေါ် မြေသိမ်းရာတွင်”Eminent Domain”အခွင့်အရေးအား လူပါးဝစွာ ကျင့်သုံးခဲ့သော့လည်းငှဲ့ညှာမှုရှိသေးသည်။
မြေသိမ်းရာတွင် ဗြိတိသျှ ကျွန်းစုရှိ လူမြားကဲ့သို့ ပါလီမာန်ပေါ်တက်ကာ သိမ်းသင့်၊မသိမ်းသင့် အဆင့်ကပင် ငြင်းခုံကန့်ကွက်ခွင့်မပေးခဲ့သော်လည်း လျှော်ကြေးကိုတော့ ထိုက်ထိုက်တန်တန်ပေးခဲ့သည်။
ငါက မြေကို သိမ်းသင့် မသိမ်းသင့် အဆင့်တွင် လူပါးဝထားပြီးပြီ သို့သော် သင်တို့ကား ငါပေးသည့် လျှော်ကြေးနည်းသည် ဆိုပါက ငါ့ကို တရားပြန်စွဲပါလေ။သင်တို့ တရားစွဲရန် အင်အားမရှိပါက ငါ့ကို ငါသာ တရားပြန်စွဲပေး၍ လျှော်ကြေးအတွက် တရားမျှတမှုအား ငါပေးပါမည်ဟူသော ကတိကဝတ်မျိုးကို အာမခံချက်ပေးထားသေးသည်။
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေပုဒ်မ ၁၈ သည် ထိုအာမခံချက်ပင်ဖြစ်သည်။
ထို ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေပုဒ်မ ၁၈ ၏ဖွင့်ဆိုချက်အား သာမန်လူနားလည်ရန် ဖော်ပြရလျှင်ဤသို့ဖြစ်သည်။
မြေသိမ်းခံရသူဘက်မှကော်လိတ်တော်ဟု သတ်မှတ်ခံထားရသော ခရိုင်အဆင့်အုပ်ချုပ်ရေးမှူးကသတ်မှတ်ပေးသောလျော်ကြေးငွေပမာဏအားနည်းလွန်း၍မကျေနပ်ဟု ဆိုလိုက်ရုံဖြင့် ထိုခရိုင်အုပ်ချုပ်ရေးမှူးလုပ်သူမှာ မိမိတို့အုပ်ချုပ်သူကို ထိုမြေသိမ်းခံရသူ ကိုယ် စားတရားစွဲပါဟု တရားရုံး(District Court)သို့ ရက်သတ္တပတ် ၆ ပတ်(သို့) ၆ လ အတွင်း ကိုယ့်ဟာကို အမှုသွားဖွင့်ပေးရသည်။
မြေသိမ်းခံရသူ ကိုလိုနီနယ်သားမှာ ရှေ့နေမငှားနိုင်လျှင် အစိုးရကငှားပေးရသည်။
ထိုအခါ တရားရုံးက လျှော်ကြေးငွေ အမှန်တကယ် နည်းသည်မှာ ဟုတ်၊မဟုတ်အား ပြန်လည်စစ်ဆေးတော့သည်။
ထိုအချိန်တွင် ထိုခရိုင်အဆင့်အုပ်ချုပ်ရေးမှုးနှင့်မြေသိမ်းခံရသော လူထုမှာ ပါဝါခြင်း အတူတူဖြစ်ကြပြီ ဖြစ်ကာအပြန်အလှန်ထုချေခွင့်ရလာတော့သည်။
တရားရုံးမှနှစ်ဖက်သက်သေများကို ပြန်ခေါ်စစ်ဆေးကာ လျော်ကြေးငွေနည်းသည်ဟုယူဆပါက လျော်ကြေးတိုးပေးရန် အမိန့်ချမှတ်နိုင်သည်။
ထိုအမိန့်ကို ဗြိတိသျှ အစိုးရသည်လိုက် နာသည်။လိုက်နာသည့်အပြင် အတိုးငွေ ရပိုင်ခွင့်(Interest)ကိုပါ မြေသိမ်းခံသူ ကိုလိုနီနယ်သားအား ပေးသေးသည်။
တရားရုံးက လျှော်ကြေး ပမာဏအား သတ်မှတ်လိုက်သည့်အခါ ထိုပမာဏအတိုင်း မြေကိုသိမ်းမည်ဟု ကြေငြာ သည့်နေမှစတင်ကာ တရားရင်ဆိုင်နေရသည့်အချိန်ကာလများအတွက် တနှစ်လျှင် ၆ ရာခိုင်နှုန်းသတ်မှတ်ပေးရသည်။
ဗြိတိသျှတို့ကား ကိုလိုနီနယ်သားများကို မြေသိမ်းရာတွင် အချုပ်အခြာအာဏာအခွင့်အရေးအပေါ်၌ လူပါးဝခဲ့သည်။
သို့ရာတွင် လျှော်ကြေးပေးမှုတွင်ကော လူဆန္ဒခံယူသေးသည်။လူကြီးလူကော င်းပီသခဲ့ကြသေးသည်။တပါးကျွန်ဖြစ်ချိန်တွင်ပင် မိမိတို့အား ကျွန်ပြုခဲ့သူက မိမိတို့အားညှာတာခဲ့ပါသေးသည်။
ယခုမောင်ပုလဲတို့ကား ၁၉ရာစုတွင် ကို လိုနီနယ်အတွက်ကျင့်သုံးသော ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ(The Land Acquisition Act, 1894)ကို နမူနာယူ သည်။
ထိုအချိန်ကာလက ဗြိတိသျှကျွန်းစုတွင် ကျင့်သုံးနေသော မြေသိမ်းဥပဒေများကိုတော့ မျက်နှာလွှဲနေပြန်သည်။
ဗြိတိသျှတို့ထားခဲ့သော ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေကို နမူနာယူရာတွင်လ ည်း မြေထု၊ရေထု၊လေထုကို နိုင်ငံတော်ကပိုင်သည်ဆိုသော အချုပ်အခြာအာ ဏာဆိုင်ရာ”Eminent Domain”အခွင့်အရေးအား အုပ်ချုပ်သူဘက်ကသာ ရ ယူဆုတ်ကိုင်ထားမှုကို မြေသိမ်းခံရသူ ပြည်သူလူထုရှေ့တွင် အရသာခံကာ ပြောသည်။
ပြည်သူဘက်တွင် ထို”Eminent Domain”အခွင့်အရေးအပေါ် ရပိုင်ခွင့်အား မျက်ကွယ်ပြုထားပြန်သည်။
ဗြိတိသျှတို့က လူမျိုးခြားဖြစ်၍ ၎င်းတို့အကျိုးစီးပွားအတွက် ကိုလိုနီနယ်သားများကို လူပါးဝခဲ့သော်လည်း လျှော်ကြေးပိုင်းတွင် လူသားဆန်ညှာတာပေးခဲ့သေးသည်။
ခုမောင်ပုလဲတို့ကား…လူသားဆန်မှုကို တောင်းဆိုလျှင်ပင် သစ္စာဖောက်ဟု တံဆိပ်ကပ်ချင်ကြပြီ။
ဆက်ရန်…
ကိုးကား…






