Border News Agency
နမ့်ခမ်း၊ မေ ၃၁။
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အနီး ကောင်းတပ်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် လတ်တလောမှာ သေဆုံးသူ ၁၄ ဦးအထိရှိလာပြီလို့ ရွှေဖီမြေသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပွားရာနေရာကနေ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်သယ်ဆောင်နေရဆဲ ဖြစ်ပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် တရွာလုံးနီးပါးမှာရှိတဲ့နေအိမ်တွေလည်း အကုန်ပျက်စီးသွားခဲ့ရပြီး ဒဏ်ရာရရှိသူအများအပြားရှိနေတာကြောင့် သေဆုံးသူအရေအတွက်ထပ်တိုးလာနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ဆိုကြပါတယ်။
အဲဒီအပြင် ပေါက်ကွဲမှုအတွင်းပိတ်မိနေသူတွေကိုလည်း ဆက်လက်ကယ်ထုတ်နေရဆဲဖြစ်ပြီး ဒဏ်ရာရရှိသူတွေအတွက် နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံမှာ အရေးပေါ် သွေးလှူဒါန်းပေးကြဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။













