Border News Agency
မိုင်းလုံ၊ အောက်တိုဘာ ၁၂။
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းလုံမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်လေးလုံးပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
အဲဒီမိုင်းလုံမြို့နယ်၊ လည်ကြီးကျေးရွာကို အောက်တိုဘာလ ၁၂ ရက်၊ ဒီနေ့ညနေ ၅ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီအပြင် ပစီးကျေးရွာကိုလည်း ၅ နာ ရီ ၁၁ မိနစ်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်လေးလုံးပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဆန်ရွာမကျေးရွာကိုလည်း အောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်နှစ်လုံးနဲ့ ဘုန်ကြီးကျောင်းရှိ ဇရပ်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မိဘပြည်သူတွေဟာ စစ်ကော်မရှင်လေကြောင်းရန်ကို ရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူး လွန်နေတယ်လို့ ဆိုပါတယ်။