Border News Agency
သပိတ်ကျင်း၊ အောက်တိုဘာ ၂၁။
သပိတ်ကျင်းမြို့နယ်၊ဇရပ်ကွင်းရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက် ခိုက်လို့ တနှစ်အရွယ်ကလေးအပါအ ဝင်ငါးဦးသေဆုံးပြီးရှစ်ဦးဒဏ်ရာရသွားခဲ့ကြပါတယ်။
အဲဒီဇရပ်ကွင်းကျေးရွာထဲရှိ ရွာလယ်တံတားအနီးကိုအောက်တိုဘာလ၂၁ ရက်၊ ဒီနေ့ ညနေ ၆နာရီအချိန်ခန့်က စစ်ကော် မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်တနှစ်မပြည့်သေးတဲ့ကလေးငယ်တဦး၊အမျိုးသမီးနှစ်ဦးနဲ့အမျိုး သားနှစ်ဦးသေဆုံးပြီးရှစ်ဦးဒဏ်ရာရသွားပါတယ်။
စစ်ကော်မရှင်တပ်ဟာတော်လှန်ရေးတပ်တွေထိန်းချုပ်တဲ့နေရာတွေကို လေ ကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်လုပ်နေတာမို့ အရပ်သားသေဆုံးဒဏ်ရာရနေကြပါတယ်။










