Border News Agency
ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာက အသက်ဆယ့်တနှစ်အရွယ် မောင်ငြိမ်းချမ်းကျော်၊ အသက်ဆယ့်လေးနှစ်အရွယ်မခင်ချိုထွန်း၊ အသက်ငါးဆယ်အ ရွယ် ဒေါ်လှမြသန်း၊ အသက်လေးဆယ့်သုံးနှစ်အရွယ် ဒေါ်နုနုလွင်၊ အသက်သုံးဆယ့်ကိုးနှစ်အရွယ် ဦးခင်ဆန်းဦးသေဆုံးသွားကြပါတယ်။
အဲဒီအပြင်ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာက အသက်ဆယ့်ခုနှစ်နှစ်အရွယ် မခိုင်သော်တာ၊ အသက်သုံးဆယ့်သုံးနှစ်အရွယ် ဒေါ်အေးငြိမ်းချို၊ အသက်သုံးဆယ့်လေးနှစ်အရွယ် ဦးမောင်ထွန်းနု၊ အသက်ခြောက်ဆယ့်သုံးနှစ်အရွယ် ဒေါ်နှင်းအေးခင်၊ အသက်ငါးဆယ့်ငါးနှစ်အရွယ် ဦးသိန်းထွန်း၊ ယိုးတရုတ်ရွာမှာ အလည်ရောက်နေတဲ့ ကျောက်တော်မြို့နယ်၊ လိပ်မရွာက အသက်ဆယ့်တနှစ်အရွယ် မောင်ဇွဲထက်ဟိန်းနဲ့ အောင်ဖြူပြင်ရွာမှာ စစ်ဘေးရှောင်နေတဲ့ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်က အသက်သုံးဆယ့်ငါးနှစ်အရွယ် ဒေါ်လှရွှေနုဒဏ်ရာရသွားကြပါတယ်။
နောက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကိုလည်း နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့၊ နေ့လည်၁၁ နာရီ ၂၀ မိနစ်အချိန်က စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်လို့ ဒေါ်လှရွှေနုဗုံးစထိမှန်ပြီး ညာဖက်ပေါင်ဒဏ်ရာရသွားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာ
ရနေကြပါတယ်။






