Border News Agency
နေပြည်တော်၊ နိုင်ဝင်ဘာ ၈။
အာရက္ခဒေသအပါအဝင် နိုင်ငံအနှံ့မှာနေ့စဉ်လေကြောင်းတိုက်ခိုက်နေတဲ့ စစ်ကော်မရှင်တပ်ဟာ လေယာဉ်နှစ်စီးနဲ့ ရဟတ်ယာဉ်သုံးစီးကို နိုဝင်ဘာလ ၇ ရ က်၊ မနေ့က ထပ်ဖြည့်လိုက်ပါတယ်။
အဲဒါဟာပြည်တွင်းအခြေအနေတွေအရ လေကြောင်းစွမ်းအားအရင်းအမြစ်မရှိမဖြစ်လိုအပ်တာမို့ ထပ်ဖြည့်လိုက်တာလို့ ဆိုပါတယ်။
အဲဒီ Y-8 လေယာဉ်နှစ်စီးနဲ့ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်သုံးစီး၊ စုစုပေါင်းငါးစီးကို ထပ်ဖြည့်လိုက်တာပါ။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာရနေကြပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့နှစ်မြို့နယ်ကို နိုဝင်ဘာလ ၇ ရက်နေ့တရက်တည်းမှာ စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ ဆယ်ဦးသေဆုံးပြီး တဆယ့်ရှစ်ဦးဒဏ်ရာရသွားပါတယ်။






















