Border News Agency
မောင်တော၊ နိုဝင်ဘာ ၈။
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ ငွေတောင်ကျေးရွာအနီး မယူတောင်ခြေမှာ နိုဝင်ဘာလ ၇ ရက်၊ မနေ့က ဒေသခံတဦးသတ်ဖြတ်
ခံလိုက်ရပါတယ်။
သူဟာ မောင်တောမြို့နယ်၊ ငွေတောင်ကျေးရွာက အသက်ခြောက်ဆယ်သုံးနှစ်အရွယ် ဦးရွှေသိန်းဖြစ်ပြီး မယူတောင်ခြေရင်းမှာ နွားကျောင်းနေတဲ့ချိန် သူ့ကို ဖမ်းဆီးသတ်ဖြတ် မြေမြှုပ်သွားကြတာပါ။
သူဟာ ညနေနေဝင်ချိန်ထိ အိမ်ပြန်မရောက်လာတာမို့ မိသားစုဝင်တွေ၊ ရွာသားတွေလိုက်ရှာကြချိန် မယူတောင်ခြေရင်းမှာ သတ်ဖြတ်မြေမြှုပ်ထားတာကို တွေ့ရပြီး သူ့အလောင်းဘေးမှာ ကြိုးတွေ၊ သွေးစတွေ၊ ဆေးလိပ်အပိုင်းအစတွေ တွေ့ရတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီ ငွေတောင်ကျေးရွာဟာ မယူတောင်တန်းကြီးအလယ်ခန့်မှာ တည်ရှိသလိုလမ်းပန်းဆက်သွယ်ရေးကောင်းပြီး မြို့ပေါ်ကို အလွယ်တကူသွားလာနိုင်တာမို့
အရပ်သားပြည်သူတွေအတွက် လုံခြုံရေးစိုးရိမ်နေကြရတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီ မောင်တောမြို့နယ်၊ မယူတောင်ခြေမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက် နေ့ကလည်းကင်းချောင်းကျေးရွာသား သုံးဦးပျောက်ဆုံးသွားခဲ့ပါတယ်။
အဲဒီ ကင်းချောင်းကျေးရွာသားခြောက်ဦး နွားကျောင်းနေတာကို အကြမ်းဖက်သမားတွေ ဖမ်းဆီးသွားတာဖြစ်ပြီး သုံးဦးထွက်ပြေးလွှတ်မြောက်လာပါတယ်။
ဒါပေမယ့် အကြမ်းဖက်သမားတွေဖမ်းဆီးသွားတဲ့ ဆယ်နှစ်အရွယ်မိန်းကလေးငယ် အပါအဝင်သုံးဦးကို ဒီနေ့ထိပြန်ရှာ မတွေ့သေးပါဘူး။
အဲဒီအပြင် ကျောက်ပန္ဒူ – စေတီပြင်၊ မယူတောင်ကျော်လမ်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက်သမားတွေ သတ်ဖြတ်လို့အမျိုးသမီးနှစ်ဦး သေဆုံးသွားပါတယ်။
အဲဒီ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာက ဈေးဝယ်ပြန်လာတဲ့ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာက မိန်းကလေးငယ်တဦး အပါအဝင်သုံးဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလားနယ်စပ်၊ မောင်တောမြို့နယ်မှာ အရပ်သားပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ၊ ပြန်ပေးဆွဲခံရတာတွေ၊ ပျောက်ဆုံးနေတာတွေ
မကြာခဏဖြစ်နေတာမို့ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံမှုကင်းမဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေကြရတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေ အကြမ်းဖက်လှုပ်ရှားမှုတွေ ပိုများလာနေပြီး အာရက္ခတပ်တော်က အကြမ်းဖက်ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒေသခံအရပ်သားပြည်သူတွေကတော့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ် ပြန်ပေးဆွဲပျောက်ဆုံးတာတွေ ဆက်ဖြစ်နေတာမို့ အာရက္ခတပ်တော်က အကြမ်းဖက်ရှင်းလင်းရေးတွေ ဆက်လုပ်ဖို့လိုအပ်နေသေးတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။







Comments 1
Your article helped me a lot, is there any more related content? Thanks! https://accounts.binance.info/en-ZA/register-person?ref=B4EPR6J0