Border News Agency
တနင်္သာရီ၊ နိုဝင်ဘာ ၁၇။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး အလင်းဝင်လာတယ်လို့ တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖက နိုဝင်ဘာလ ၁၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ တနင်္သာရီတိုင်း၊ အောက်ကင်းရွာအခြေအစိုက် စစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၅၇ တပ်ရင်းမှတပ်ဖွဲ့ဝင်တဦးဟာ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖထံဆက်သွယ်ပြီး လက်နက်နဲ့အတူပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့က အလင်းဝင်လာတယ်လို့ဆိုပါတယ်။
အဲဒီအလင်းဝင်ရောက်လာတဲ့ တပ်သားမောင်ဇုန်း ပစ ၁၄၄၃၅၀ ဟာသူနဲ့အတူ MA-1တလက်၊ ကျည်ဘောက်ငါးဘောက်၊ ကျည်နှစ်ရာ့နှစ်ဆယ်နဲ့ အလင်းဝင်လာတာလို့ဆိုပါတယ်။
အဲဒီတပ်သားဟာ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် စကခ ၁၃ မှ မွမ်းမံသင်တန်းနှစ်လတက်ခဲ့ရပြီး မြိတ်မြို့ ၁၀၃တပ်ကို ပို့ဆောင်ခံခဲ့ရကာ နှစ်ရက်ထိနေခဲ့ရတယ်လို့ဆိုပါတယ်။
သူဟာ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်မှာတာဝန်ထမ်းဆောင်ခဲ့ရပြီး တနင်္သာရီမြို့နယ်သမုတ်ချုံးရွာဘက်ကို လှုပ်ရှားထွက်လာစဉ်ထွက်ပြေးလွတ်မြောက်လာခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့စစ်မှု့ထမ်းအမိန့်ကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူဘက်ရပ်တည်လိုသူတွေ၊ ရဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့ တနင်္သာရီမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။






