Border News Agency
တီးတိန်၊ နိုဝင်ဘာ ၂၈။
ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်ဆိုင်းဘုတ်နီးမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို ချင်းညီနောင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland က နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတီးတိန်မြို့အဝင် ဆိုင်းဘုတ်အနီးမှာ အင်အားခြောက်ဆယ်ဝန်းကျင်နဲ့တပ်စွဲထားတဲ့ ခလရ ၂၆၉ စစ်ကော်မရှင်တပ်သားတွေကို နိုဝင်ဘာလ ၂၇ ရက်နေ့က ချင်းညီနောင်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် တိုက်ပွဲအတွင်းက စစ်သုံ့ပန်းတချို့ကိုလည်းဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို သက်ဆိုင်ရာဌာနတွေဆီလွှဲပြောင်းထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်နေသလို စစ်ကော်မရှင်တပ်ဘက်က RPG ဗုံးသီးတွေအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ တီးတိန်မြို့ရဲ့လူအဝင်အထွက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာမို့ အဝင်ဂိတ်ကိုချင်းညီနောင်တပ်ဖွဲ့မှပြန်ပြီး သိမ်းယူခဲ့တာလို့ဆိုပါတယ်။










