Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

တော်လှန်သူတို့အတွက် ကိန်းဘာရင်း၏သင်ခန်းစာများ

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

အမောင် ရေးသည်။

Border News Agency
မြောက်ဦး၊မေ ၁၀။

ရခိုင်လူမျိုးတို့၏ရာဇဝင်သမိုင်းထဲတွင် မျိုးချစ်တော်လှန်ရေးသမားများများစွာရှိခဲ့သည်။

ထိုအထဲတွင် ဗိုလ်ချင်းပြန်လည်း အပါအဝင်ဖြစ်၏။ဗိုလ်ချင်းပြန်သည် ၁၇၈၄ ခု ရခိုင်ပြည်ကြီးအချုပ်အခြာအာဏာကျရှုံးပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့သော မျိုးချစ်တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သည်။

သူသည် ထိုချိန်က အရှေ့အိန္ဒိယကုမ္ပဏီအစိုးရ၏ပိုင်နက်ဖြစ်သည့် စစ်တကောင်းတောင်တန်းဒေသကို အမှီပြု၍ ကိုယ့်တိုင်းကိုယ့်ပြည်ကိုပြန်လည်ရရှိရန် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့သော တော်လှန်ရေးခေါင်းဆောင်တဦးဖြစ် သည်။

သူ့ကို အင်္ဂလိပ်လူမျိုးတို့က ကိန်းဘာရင်း(King-bering / King-buring)ဟုခေါ်ခဲ့ကြသည်။

တောင်ပေါ်ဒေသတွင် နေထိုင်ကြသော ချင်းလူမျိုးတို့ထံမှ ဖခင်ဖြစ်သူပြန်လာချိန်တွင် မွေးဖွားခဲ့သောကြောင့် ချင်းပြန်ဟု ခေါ်ကြခြင်းလည်း ဖြစ်သည်။

ကိန်းဘာရင်း(ခေါ်)ဗိုလ်ချင်းပြန်၏ဘဝဇာတ်ကြောင်းထဲ၌ တော်လှန်ပြည်သူတို့အတုယူရမည့် ဆောင်စရာရှောင်စရာ သင်ခန်းစာများ များစွာရှိနေသည်။

ယခုအချိန်သည် မြန်မာတပြည်လုံး စစ်မီးတောက်လောင်နေချိန်ဖြစ်သည်။ တော်လှန်ရေးအဖွဲ့အစည်းများ များစွာပေါ်ပေါက်ပြီး အားကောင်းနေကြချိန်လည်းဖြစ်သည်။

ဤအချိန်တွင် တော်လှန်ရေးအဖွဲ့အစည်းများနှင့်တော်လှန်ပြည်သူများ၏ အခန်းကဏ္ဍသည် အရေးကြီးနေသည်။

သို့ဖြစ်၍ ကိန်းဘာရင်း၏သမိုင်းထဲမှ တော်လှန်သူတို့ ယူသင့်ယူထိုက်သည့် သင်ခန်းစာများရှိပါသည်။

ရခိုင်ပြည်ကြီးကျဆုံးခဲ့ချိန်


ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကြီးသည် အကွပ်မရှိသောကြမ်းကဲ့သို့ ဖရိုဖရဲဖြစ်နေခဲ့သည်။

ထိုသို့စည်းလုံးမှုပြိုကွဲနေချိန်ကို အခွင့်ကောင်းယူပြီး ဘုရင်ဖြစ်ချင်သော ငသံတေသည် မြန်မာမင်းကို စစ်ပန်ခဲ့လေသည်။

မြန်မာတို့ ရခိုင်ကို အနိုင်ရရှိသောအခါ ငသံတေသည် ရခိုင်ပြည်၏ဘုရင်အဖြစ် အုပ်ချုပ်ခွင့်ရခဲ့သည်။သို့သော်လည်း အမည်ခံဘုရင်အဆင့်သာ ဖြစ်ပါသည်။မည်သည့်လုပ်ပိုင်ခွင့်မှ မရရှိခဲ့ချေ။

ထိုချိန်တွင် ရခိုင်သူ၊ရခိုင်သား အများစုတို့သည် နယ်စပ်ကိုဖြတ်ကျော်ပြီး စစ်တကောင်းဒေသသို့ ထွက်ပြေးခိုလှုံခဲ့ကြလေသည်။စစ်တကောင်းတောင်တန်းဒေသ၌ ခက်ခဲစွာရုန်းကန်လှုပ်ရှား နေထိုင်ခဲ့ကြသည်။

သို့သော်လည်း အထူးခြားဆုံးတခုမှာ မည်သို့ဒုက္ခမျိုးပင် ရောက်ရှိနေကြပါစေ ကိုယ့်မြို့၊ကိုယ့်ရွာ၊ကိုယ့်ဒေသကို ချစ်မြတ်နိုးစိတ်ရှိခြင်းကြောင့် ရခိုင်ပြည်ကြီးကို အဝေးမှလှမ်းမြင်ရသော စစ်တကောင်းတောင်းပိုင်းဒေသ၌သာ အနေများခဲ့ကြသည်ဟု သိရှိရပါသည်။

ထိုဒေသရှိ ရခိုင်မျိုးချစ်များအား စည်းလုံးပြီး ကိုယ့်ပြည်ကို ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းခဲ့ကြသော တော်လှန်ရေးသမားများ များစွာပေါ်ပေါက်ခဲ့သည်။သို့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြချေ။

ထိုအထဲတွင် စိတ်ဝင်စားစရာကောင်းပြီး သမိုင်းတွင်သည့် တော်လှန်ရေးကြီး တခုရှိခဲ့လေသည်။ထိုတော်လှန်ရေးကို ဦးဆောင်ခဲ့သူမှာ ငသံတေ၏သား ကိန်းဘာရင်း(ခေါ်) ဗိုလ်ချင်းပြန်ဖြစ်သည်။

ဗိုလ်ချင်းပြန်၏အောင်မြင်မှု


ဗိုလ်ချင်းပြန်သည် သစ္စာဖောက်ငသံတေ၏သားတဦးဖြစ်ပါသည်။ငသံတေသည် မြန်မာမင်း၏လက်အောက်ခံ ရခိုင်ပြည်မင်းကြီးအဖြစ် အုပ်ချုပ်နေချိန်တွင် သစ္စာဖောက်ခြင်း၏ နောင်တကို ခံစားခဲ့ရသည်။

မြန်မာမင်းမှ မတရားအခွန်ကောက်ခိုင်းခြင်း၊ကျွန်တောင်းခြင်း၊အသေခံစစ်သားများ တောင်းခြင်းနှင့်အမျိုးမျိုးသော နှိပ်စက်မှုများကို ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ငသံတေသည် ဘုရင်ခံလုပ်ခြင်းကို စွန့်လွှတ်ပြီး ဆွေမျိုး၊မိတ်ဆွေ များနှင့်သူ၏နောက်လိုက်အပေါင်းအပါများကို ခေါ်ယူ၍ အင်္ဂလိပ်တို့ပိုင်နက် စစ်တကောင်းဒေသသို့ ခိုဝင်ခဲ့လေသည်။ထိုဒေသ၌ပင် ငသံတေ ကွယ်လွန်ခဲ့လေသည်။

ထိုချိန်တွင် သားဖြစ်သူချင်းပြန်သည် ထိုအရပ်ဒေသမှ မျိုးချစ်ရခိုင်ပြည်သူများကို စည်းရုံးပြီး ရခိုင်ပြည်သိမ်းတိုက်ပွဲကိုဆင်နွှဲရန် ကြိုးပမ်းလေသည်။

တိုင်းပြည်ပျောက်သောဒုက္ခကို ခံစားနေရသော ရခိုင်သူ၊ရခိုင်သား တို့သည် ဗိုလ်ချင်းပြန်ကို ဝန်းရံခဲ့ကြသည်။

ထိုအင်အားများကြောင့် မြန်မာတို့၏ ပိုင်နက်ဖြစ်နေသော မောင်တောမြို့ကို ဦးစွာသိမ်းပိုက်နိုင်ခဲ့လေသည်။

ဗိုလ်ချင်းပြန်တပ်တို့သည် ရခိုင်ပြည်တွင်းမှာ နေထိုင်ကြသော ရခိုင်လူမျိုးတို့၏ထောက်ခံမှုကိုလည်း အပြည့်အဝ ရရှိခဲ့ကြသည်။ ပြည်သူပြည်သားတို့၏ ထောက်ခံမှုကို အပြည့်အဝရရှိသောကြောင့် ဗိုလ်ချင်းပြန်၏တပ်များသည် မြောက်ဦးမြို့တော်မှအပ ကျန်ရခိုင်တပြည်လုံးကို သိမ်းပိုက်နိုင်ခဲ့ကြလေသည်။

ဗိုလ်ချင်းပြန်သည် ကုလားတန်မြစ်၏ အနောက်ဘက်တွင် ဇာဝတီ/ဇေဝတီမြို့ကို တည်ဆောက်ခဲ့သည်။

ထိုမြို့တွင်ပင် ဘိသိတ်ခံပြီး ဓနုဓမ္မရာ ဇာဘွဲ့ကို ခံယူကာ ဒင်္ဂါးများခပ်နှိပ်သုံးစွဲ အုပ်ချုပ်နိုင်အောင်ထိ အောင်မြင်မှု ရရှိခဲ့လေသည်။

ဗိုလ်ချင်းပြန်၏ကျရှုံးမှု


မိုးရာသီကုန်သောအခါ မြန်မာကြေးတပ်သည် နေဂရေအငူတွင် အင်အားဖြည့်ပြီး ဒွါရာဝတီ(သံတွဲ)ကို ချီတက်လာခဲ့ပါသည်။

ထိုမှတဆင့် ရမ္မာဝတီ(ရမ်းဗြဲ)ကို ချီတက်ခဲ့ကြသည်။မာန်အောင်ကျွန်းအနီးတွင် ဗိုလ်ချင်းပြန် ဦးဆောင်လာသော ရေတပ်နှင့်ထိပ်တိုက်တွေ့ပြီး တိုက်ပွဲအကြီးအကျယ် ဖြစ်ကြလေသည်။

ဗိုလ်ချင်းပြန် တပ်တို့ အကျအဆုံးများပြီး ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရပါသည်။လူ၊ လက်နက် အင်အားမမျှတသည့်အတွက် ဗိုလ်ချင်းပြန်တို့သည် နယ်စပ်ကိုဖြတ်ကျော်ပြီး ပြန်၍ဆုတ်ခွာခဲ့ကြရလေသည်။

ဤရှုံးနိမ့်မှုသည် ဗိုလ်ချင်းပြန်၏ အုပ်ချုပ်မှုပုံစံ အမှားနှင့် သက်ဆိုင်နေသည်ကို တွေ့ရသည်။

ဗိုလ်ချင်း ပြန်သည် ဇေဝတီမြို့တွင် မင်းလုပ်နေသောအချိန်၌ မင်းကောင်းတပါး မဖြစ်ခဲ့ချေ။ ပြည်သူများထံမှ အခွန်များ ကို အဆမတန်ကောက်ခံမှု ရှိခဲ့ပါသည်။ တတ်သိပညာရှင်တို့၏ ပြောဆိုအကြံပေးမှုများကိုလည်း မနာခံခဲ့ချေ။ ခေါင်းဆောင်တဦးအနေဖြင့် နောက်လိုက်ငယ်သားများအား ညှာတာထောက်ထားမှုနှင့် စီမံခန့်ခွဲနိုင်မှု အားနည်းခဲ့သည်။

သို့ဖြစ်၍ သူ့ကို ပြည်သူ နှင့် နောက်လိုက်ငယ်သားတို့ တဖြည်းဖြည်းအကြည် ညိုပျက်လာခဲ့ကြပြီး နောက်ဆုံးတွင် သူတို့အပေါ် ဩဇာအာဏာမတည်မြဲဖြစ် လာသည့်အတွက် မြန်မာတပ်တို့နှင့် တိုက်ပွဲဖြစ်သည့်အခါ တပ်သည် ဖရိုဖရဲဖြစ်ပြီး ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပါသည်။

ဒုတိယအကြိမ် ပြည်သိမ်းတိုက်ပွဲ


ဗိုလ်ချင်းပြန်တို့သည် ကုမ္ပဏီအစိုးရနယ်မြေသို့ ပြန်လည်ရောက်ရှိလာသောအခါ မြန်မာတို့က ကုမ္ပဏီအစိုးရအနေဖြင့် ဗိုလ်ချင်းပြန်အား ဖမ်းပေးရန် တောင်းဆိုခဲ့ပါသည်။

စစ်တကောင်းဒေသသည် တောတောင်ထူထပ်ပြီး သွားလာရခက်ခဲ့သည့်အတွက် ကုမ္ပဏီအစိုးရအနေဖြင့် ဗိုလ်ချင်းပြန်ကို မဖမ်းဆီး နိုင်ခဲ့ပေ။

ကုမ္ပဏီ အစိုးရအနေဖြင့် ဗိုလ်ချင်းပြန်ကို မဖမ်းမိသောအခါ သူ၏ သားမယားများကို ဖမ်းဆီး၍ အကျယ်ချုပ်ချမှုများ ပြုလုပ်ခဲ့ကြသည်။သို့သော်လည်း ဗိုလ်ချင်းပြန်ကို မဖမ်းမိခဲ့ကြချေ။

ထိုချိန်က ဗိုလ်ချင်းပြန်၏ တော်လှန်ရေးသည် ရခိုင်လူမျိုးတို့အတွက် ကိုယ့်ပြည်ကို ပြန်လည်ရရှိရန် တခုတည်းသော မျှော်လင့်ချက်ဖြစ်လေသည်။

ထို့ကြောင့် ဗိုလ်ချင်းပြန်တပ်အား တတ်စွမ်းသမျှ ကူညီပံ့ပိုးခဲ့ကြလေသေးသည်။

ထိုအင်အားများနှင့်ဒုတိယအကြိမ် ရခိုင်ပြည်သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့လေသည်။

ဒုတိယအကြိမ်တွင်လည်း အင်အားမမျှသည့်အတွက် ဗိုလ်ချင်းပြန်တို့ ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ကြရသည်။အသက်ရှင်ကျန် ရစ်သူတို့သည် စစ်တကောင်းသို့ပြန်လည် ထွက်ပြေးခဲ့ရပါသည်။

ထိုချိန်တွင် ကုမ္ပဏီအစိုးရမှ ရသမျှကို လိုက်လံဖမ်းဆီးခဲ့ပါသည်။ ဗိုလ်ချင်းပြန်နှင့် လက်ထောက်ဗိုလ်များကို ဖမ်းပေးလျှင် ဆုငွေများပေး မည်ဟုလည်း ကြေညာခဲ့ပါသည်။ဒေသခံစစ်တကောင်းသားတို့အနေဖြင့် ရခိုင့်တော်လှန်ရေးသမားများအား မကူညီကြရန်လည်း တားမြစ်ခဲ့သည်။

သို့သော်လည်း ထိုကြေညာချက်များသည် ထိရောက်မှု မရှိခဲ့ချေ။စစ်တကောင်းဒေသနေ ရခိုင်လူမျိုးတို့သည် ထွက်ပြေးလာခဲ့ရသော တော်လှန်ရေး သမားများအား ခိုးဝှက်ပြီး အကူညီများပေးခဲ့ကြလေသည်။

တတိယအကြိမ် ပြည်သိမ်းတိုက်ပွဲ


စစ်ရှုံးသည့် ဗိုလ်ချင်းပြန်တို့သည် အစာရေစာ ငတ်မွတ်ခေါင်းပါးလာခဲ့ကြပါသည်။

ထို့ကြောင့် နောက် တချီချီတက်ရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ကော့စ်ဘဇား၏တောင်ဘက် နတ်မြစ်နှင့်ပင်လယ်ကြားက လူသူမရောက်မပေါက်သော တောတောင်များထဲတွင် နေထိုင်ခဲ့ကြပါသည်။

သို့သော်လည်း ကော့စ်ဘဇားမှ ရခိုင်လူမျိုးတို့သည် ဗိုလ်ချင်းပြန်တို့ကို ထောက်ခံအားပေးခဲ့ကြသည်။ သူတို့နှင့်ပူးပေါင်းပြီး တိုက်ပွဲဝင်မည့် ပြည်သူများလည်း ရှိလာခဲ့ပါသည်။

ထိုအင်အားများနှင့် ဗိုလ်ချင်းပြန်သည် တတိယအကြိမ် ရခိုင်ပြည်သိမ်းတိုက်ပွဲကို ဆင်နွှဲရန် ပြင်ဆင်လေသည်။

ဤအကြိမ်တွင် ဗိုလ်ချင်းပြန်တို့၌ ရန်သူပိုလာခဲ့ပါသည်။ မြန်မာတပ်တခုတည်းမဟုတ်ဘဲ ကုမ္ပဏီ အစိုးရတပ်သည်လည်း ရန်သူဖြစ်လာခဲ့ပါသည်။ ကုမ္ပဏီအစိုးရတပ်များသည် ဗိုလ်ချင်းပြန်တို့အား စစ်တကောင်းတွင် နေထိုင်၍မရရန် ပြုလုပ်လာကြပါသည်။

ဗိုလ်ချင်းပြန်တို့သည် သူတို့၏မဟာ ရည်မှန်းချက်အတိုင်း တတိယအကြိမ် ရခိုင်ပြည်သိမ်းတိုက်ပွဲအတွက် နတ်မြစ်ဘက်သို့ ချီတက်ခဲ့ကြပါသည်။ နယ်စပ်ကို ဖြတ်ကျော်ပြီး မောင်တောမြို့နယ် မင်္ဂလာကြီးရွာတွင် ခံတပ်ပြုလုပ်၍ လူသူစုဆောင်းခဲ့ပါသည်။

ထိုမှတဆင့် မြို့ဟောင်း(မြောက်ဦး) သို့ ဦးတည်၍ ချီတက်ခဲ့ကြပါသည်။ ဦးရာဇ်တောင်ထိ အောင်အောင်မြင်မြင် ရောက်ရှိခဲ့ကြသည်။

သို့သော်လည်း ဗိုလ်ချင်းပြန်၏ တပ် သည် စစ်ဗျူဟာနည်းလမ်းမကောင်းခြင်း၊မဟာမိတ်အဖွဲ့အစည်းမရှိခြင်း၊ လူသူလက်နက်မမျှခြင်းတို့ကြောင့် တ တိယအကြိမ် ပြည်သိမ်းတိုက်ပွဲသည်လည်း ရှုံးနိမ့်မှုနှင့်သာ ရင်ဆိုင်ခဲ့ရကြောင်း သမိုင်းထဲတွင် ဖတ်ရသည်။

ဗိုလ်ချင်းပြန်၏နိဂုံး

စစ်ရှုံးသည့်အတွက် ဗိုလ်ချင်းပြန်သည် စစ်တကောင်းဘက်သို့ ပြန်လည် ထွက်ပြေးခဲ့ရပါသည်။သူတို့ နောက်ကို မြန် မာတပ်တို့က လိုက်ပြီးတိုက်ခိုက်ခဲ့ပါ သည်။နယ်စပ်ကို ဖြတ်ကျော်လာသော် လည်း လိုက်ပြီးတိုက်ခိုက်သည့်အတွက် ကုမ္ပဏီအစိုးရတပ်နှင့် မြန်မာတပ်တို့ ထိတွေ့ပြီး တိုက်ပွဲများဖြစ်ခဲ့ကြပါသ ည်။

ဗိုလ်ချင်းပြန်သည် ကုမ္ပဏီအစိုးရတပ်နှင့်မြန်မာတပ်တို့အား ရန်တိုက်ခဲ့သည်ဟု နှစ်ဘက်တပ်များမှ စွပ်စွဲမှုများ ရှိခဲ့ပါသည်။

ရှုံးနိမ့်မှုနှင့် အကြိမ်ကြိမ်ကြုံခဲ့ရသော်လည်း ရခိုင်လူမျိုးတို့၏ စိတ်ထဲတွင် ရခိုင်ပြည်ကို ပြန်ရလိုသည့်စိတ်ဓါတ်က မပျက်ပြယ်လားချေ။အချိန်ရှိသမျှ ကူညီကြိုးပမ်းနေခဲ့ကြပါသည်။

ဗိုလ်ချင်းပြန်သည် သူတို့ကို အကူညီမပေးခဲ့သည့် ကုမ္ပဏီအစိုးရတပ်အား မကျေနပ်၍ စစ်တကောင်းဒေသတွင် အဖျက်လုပ်ငန်းများကို ပြုလုပ်ခဲ့သေးသည်။

စစ်တကောင်းဒေသမှ ရခိုင်လူမျိုးတို့သည် ဗိုလ်ချင်းပြန်တို့အား အဆုံးထိထောက်ခံအားပေးကူညီပေးခဲ့ကြပါသည်။

နောက်ဆုံးတွင် ဗိုလ်ချင်းပြန်သည် ဒူလာဟာဇာရာမှာ ခံတပ်တခုလုပ်ပြီး လူသူလက်နက်စု၍ နေထိုင်ခဲ့ပါသည်။

မြန်မာတပ်တို့ကလည်း ကုလားတန်မြစ်နားတွင် စုရုံးပြီး ဗိုလ်ချင်းပြန်တို့ ပြန်အလာကို တိုက်ခိုက်ရန်စောင့်နေခဲ့ကြသည်။

ထိုနောက်တွင် ဗိုလ်ချင်းပြန်၏အရေးအကြီးဆုံးတပည့်ဖြစ်သူမီးဇာ(Miza) ကို ကုမ္ပဏီအစိုးရတပ်က ဖမ်းဆီးရမိခဲ့သည့်အတွက် ဗိုလ်ချင်းပြန်တို့ လုံးဝအင်အား ဆုတ်ယုတ်သွားလေသည်။

မီးဇာကို ဖမ်းမိခြင်းသည် ဗိုလ်ချင်းပြန်တို့အတွက် ကျရှုံးခြင်းပင် ဖြစ်သည်။

နောက်ပိုင်းတွင် တောတောင်ကြီးများထဲ၌ နေထိုင်ရ၍ ဗိုလ်ချင်းပြန်သည် ကျန်မာရေး မကောင်းဖြစ်လာခဲ့သည်။

၁၈၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကိုရောက်သောအခါ ပုလုံချူရာဟုခေါ်သောအရပ်၊ရာမူးမှသုံးရက်ခန့်သွားရသော တောင်ကုန်းများကြားတွင် ဗိုလ်ချင်းပြန် ကွယ်လွန်သွားခဲ့ပါသည်။

ဗိုလ်ချင်းပြန် ကွယ်လွန်သွားသည့်အတွက် ရခိုင်ပြည်သိမ်းတိုက်ပွဲများသည်လည်း တခန်းရပ်သွားခဲ့ရလေသည်။

ဆောင်စရာ၊ရှောင်စရာ သင်ခန်းစာများ


ကိန်းဘာရင်း(ခေါ်)ဗိုလ်ချင်းပြန်သည် ရခိုင်ပြည်သစ္စာဖောက် ငသံတေ၏ သားတဦးဖြစ်သော်လည်း လက်အောင်ခံဘုရင်တပါး၏ဒုက္ခ၊အာဏာမဲ့လူမျိုးတို့၏ဒုက္ခများကို ကိုယ့်တွေ့ကြုံခဲ့ရသည့်အတွက် ဖခင်၏လမ်းစဉ်ကို မလိုက်ဘဲ မျိုးချစ်တော်လှန်ရေးသမားတဦး ဖြစ်ခဲ့ပါသည်။

အမှားနှင့်အမှန်ခွဲခြားတတ်သော ဗိုလ်ချင်းပြန်၏စိတ်ဓာတ်ကို နှောင်းလူတို့ အတုယူသင့်သည်။

ပြည်သိမ်းတိုက်ပွဲများကို ဆင်နွှဲ၍ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့သော်လည်း ကိုယ့်ပြည်၊ကိုယ့်မြေကို ပြန်ရလိုသော စိတ်ဓါတ်၊တမျိုးသားလုံးကို အဖိနှိပ်ခံအဖြညစ်မှ လွတ်မြောက်စေလိုသော စိတ်ဓါတ်များကြောင့် သေဆုံးချိန်ထိ လက်နက်မချဘဲ တော်လှန်ခဲ့သည်ကို တွေ့ရသည်။

ထို့ကြောင့် ဗိုလ်ချင်းပြန်၏ ခိုင်မာသည့် တော်လှန်ရေးစိတ်ဓါတ်သည် လွတ်မြောက်မှုကို လိုချင်သူတိုင်းအတွက် အတုယူစရာပင် ဖြစ်သည်။

ထိုခေတ်ထိုချိန်က ရခိုင်လူမျိုးတို့သည် စစ်ကြီးရှုံး၍ ကိုယ့်ပြည်ကိုစွန့်ခွာပြီး စစ်တကောင်းဒေသသို့ ရောက်ရှိခဲ့ကြသော်လည်း ရခိုင်ပြည်ကြီးကို အဝေးမှလှမ်းမြင်ရသော တောင်ကုန်းများပေါ်တွင် နေထိုင်ခဲ့ကြသည်ကို ဝမ်းနည်းဖွယ် သိရှိရပါသည်။

ဤသည်မှာလည်း နှောင်းလူတို့အတုယူရမည့် ပြည်ချစ်စိတ်ဓါတ်ပင် ဖြစ်သည်။

ယခုအချိန်တွင် စစ်ဖြစ်နေသည့် နေရာအများစုက လူငယ်အများစုသည် အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်ဒေသကို စွန့်ခွာရန် ကြိုးစားနေကြလေသည်။

ထိုသူတို့သည် စစ်တကောင်းရောက် ရခိုင်လူမျိုးများကဲ့သို့ ကိုယ့်ရပ်ကိုယ့်ရွာကို ချစ်မြတ်နိုးကြရန် လိုအပ်ပါမည်။

မည်သည့်အရပ်ဒေသသို့ ရောက်ရှိနေ ပါစေ ကိုယ့်ပြည်ကိုယ့်ရွာကို မမေ့ကြရန်နှင့် ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်ဒေသအတွက် အလုပ်အကျွေးပြုကြရန်လိုအပ်ပါမည်။

အဆုံးအနေနှင့်လူကိုယ် တိုင်လာရောက်မကူညီနိုင်သော်လည်း အဝေးတနေရာမှ ကိုယ့်နည်းကိုယ်ဟန်နှင့် ကူညီသင့်ပေသည်။

နောက်ပြီး စစ်တကောင်းဒေသ၌ ကုမ္ပဏီအစိုးရက ရခိုင့်တော်လှန်ရေးသမားများအား မကူညီရဟု ပြင်းပြင်းထန်ထန် ကြေညာချက်ထုတ်ခဲ့သော်လည်း ခိုး၍ကူညီခဲ့ကြသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် တော်လှန်ပြည်သူအချင်းချင်းကူညီထောက်ပံ့မှု ရှိရမည်။လက်သည်းကိုဆိတ်လျှင် လက်ထိပ်နာတတ်သည်ဆိုသည့်အတိုင်း အရေးကြီးလျှင် သွေးနီးတတ်သည်က အဖိနှိပ်ခံလူမျိုးတို့၏ဗီဇပင်ဖြစ်သည်။

ထိုအချိန်က တော်လှန်ရေးသည် ရခိုင်တို့၏လွတ်မြောက်ရေးဖြစ်သည့်အတွက် တော်လှန်ရေးသမားများအား ကူညီခြင်းသည် လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲခြင်းပင်ဖြစ်လေသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မည်သည့်အတားဆီးပင် ရှိစေကာမူ မိမိတို့လုပ်ဆောင်ရမည့်တာဝန်အား မကြောက်မရွံ့ပြုလုပ်ခဲ့ကြလေသည်။

ထိုစိတ်ဓါတ်ကို ယခုခေတ် စစ်ဖြစ်နေသည့် ဒေသအများစုက တော်လှန်ပြည်သူများ အတုယူကြရမည်။

ပြည်သူ့ထောက်ခံမှုကို အပြည့်အဝရရှိသော်လည်း တပ်အင်အားနှင့်မဟာမိတ်အဖွဲ့အစည်းမရှိခြင်းကလည်း တော်လှန်ရေးကို ရှုံးနိမ့်စေကြောင်း ဗိုလ်ချင်းပြန်သမိုင်း၌ တွေ့ရသည်။

သို့ဖြစ်၍ ဤအချက်ကိုလည်း အထူးသတိထားကြရမည်။

နောက်ဆုံးအနေနှင့် သတိပြုရမည့်အချက်မှာ တော်လှန်ရေးအဖွဲ့အစည်းဖြစ်ဖြစ် လူမှုပရဟိတအဖွဲ့အစည်းဖြစ်ဖြစ် မိမိတို့အား ထောက်ခံအားပေးသောသူများအား စိတ်နာအောင်မလုပ်ရန်နှင့် ဒုက္ခမပေးမိရန်ပင်ဖြစ်သည်။

ပြည်သူထောက်ခံမှုရှိသော တော်လှန်ရေးသည် အောင်မြင်ပြီး ပြည်သူထောက်ခံမှုမရှိသော တော်လှန်ရေးသည် ကျရှုံးသည် ဆိုသည်ကို ဗိုလ်ချင်းပြန်မှ လက်တွေ့ပြသခဲ့သည်ကို တွေ့ရသည်။

ဗိုလ်ချင်းပြန်သည် ပြည်သူလူထုတို့၏ ထောက်ခံအားပေးမှုကြောင့် ရခိုင်ပြည် အတွင်းမှာ ဘိသိတ်ခံပြီး မင်းလုပ်အုပ်ချုပ်နိုင်ခဲ့ပါသည်။

သို့သော်လည်း သူ့အနေဖြင့် သတိပေါ့ပြီး အုပ်ချုပ်မှု၌ အမှားများရှိခဲ့သည့် အတွက် နောက်လိုက်နှင့်ပြည်သူတို့၏ ထောက်ခံအားပေးမှုလျော့နည်းလာခဲ့ပြီး နောက်ပိုင်းတွင် ရှုံးနိမ့်မှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည်ကို တွေ့ရှိရပါသည်။

မိမိတို့အား ထောက်ခံသော ပြည်သူများနှင့်သဘောထားကွဲလွဲခြင်း၊နည်းမျိုးစုံနှင့် အခွန်အလွန်အကျွံကောက်ခံခဲ့ခြင်းမှာ ဗိုလ်ချင်းပြန်၏အမှားကြီးဖြစ်ခဲ့လေသည်။

စစ်ဖြစ်၍ ခေတ်ပျက်နေချိန်သည် သာမန်ပြည်သူတို့အတွက် အခက်ခဲဆုံးအချိန်ဖြစ်သည်။

သို့ဖြစ်၍ ထိုချိန်တွင် မိမိတို့၏ လိုအပ်မှုတစ်ခုကို ကြည့်ပြီး ပြည်သူ့တို့ထံမှ အခွန်များစွာကောက်ခံခြင်းမျိုး ပြုလုပ်ခြင်းကို ရှောင်ရှားရပေမည်။

သမိုင်းထဲ၌ ဗိုလ်ချင်းပြန်သည် လက်အောက်ငယ်သားတို့အား စည်ရုံးထိန်းကျောင်းနိုင်မှု အားနည်းခဲ့သည်ကိုလည်း တွေ့ရှိရသည်။

ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ခု၌ ဖြစ်ဖြစ်၊နေရာ၊ဌာနအဖွဲ့အစည်းတခု၌ ဖြစ်ဖြစ် ခေါင်းဆောင်နေရာသို့ ရောက်လာလျှင် လက်ရုံးရည်၊နှလုံးရည် ပြည့်ဝပြီး စိတ်ဓါတ်ခိုင်မာရန်နှင့် မှန်ကန်သော ဆုံးဖြတ်ချက်ချမှတ်တတ်ရန် အရေးကြီးကြောင်း ဗိုလ်ချင်းပြန်မှ လမ်းပြခဲ့ပါသည်။

ပြည်သူကို ဂရုမစိုက်သော မင်းဆိုးမင်းညစ်တို့သည် ပြည်သူတို့၏ဒဏ်ခတ်မှုကို ခံရကြောင်းကိုလည်း ဗိုလ်ချင်းပြန်မှ လက်တွေ့ပြသခဲ့သည်။

ဤအချက်များသည် တော်လှန်သူတို့အတွက် ကျွန်တော်ထုတ်နုတ်တင်ပြချင်သော ဗိုလ်ချင်းပြန် (ခေါ်) ကိန်းဘာရင်း၏ ဘဝထဲမှ ဆောင်စရာ၊ရှောင်စရာ သင်ခန်းစာများ ဖြစ်ပါသည်။

ဝန်ခံချက် ။ ။ သမိုင်းဆိုင်ရာ အချက်အလက်များသည် ၂၀၁၈ ခုနှစ် ၊ ဇွန်လတွင် ဂျူတီစာပေက ထုတ်ဝေသော ဆရာကြီးဝေသာ၏ “ရခိုင်သမိုင်းထဲက သူရဲကောင်းနှစ်ယောက်” စာအုပ်ကို အဓိက ကိုးကားထားခြင်းဖြစ်ပါသည်။

PrevPrevious​ကျောက်ဖြူမှာ ဘိန်းစာရွက်ပင်တွေကိုဒီလပ်ဖျက်ဆီး
Next​အမေရိကန်ဘက်တော်သားနိုင်ငံတွေရဲ့ သင်္ဘောတွေ ရေလက်ကြားဖြတ်သန်းခွင့် အီရန်ပိတ်မယ်Next
Previous Post

​ကျောက်ဖြူမှာ ဘိန်းစာရွက်ပင်တွေကိုဒီလပ်ဖျက်ဆီး

Next Post

​အမေရိကန်ဘက်တော်သားနိုင်ငံတွေရဲ့ သင်္ဘောတွေ ရေလက်ကြားဖြတ်သန်းခွင့် အီရန်ပိတ်မယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လယ်မူလားမှာအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းဆောင်နှစ်ဆောင်ပျက်စီး

May 14, 2026
ဓာတ်ပုံ - ထိုင်းတော်ဝင်ကြည်းတပ် သတင်းပြန်ကြားရေးဌာန

ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးပြား ၂ သိန်းခွဲနဲ့ ဘိန်းစိမ်းတွေဖမ်းမိ

May 14, 2026

​တရုတ်ဟာပြိုင်ဘက်ရော မိတ်ဖက်ပါလို့ အမေရိကန်ဆို (ဓာတ်ပုံသတင်း)

May 14, 2026

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး တောင်းဆိုမှုကိုအာဆီယံအထူးကိုယ်စားလှယ် အပြုသဘောတုံ့ပြန်

May 13, 2026

လယ်မူလားမှာအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းဆောင်နှစ်ဆောင်ပျက်စီး

ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးပြား ၂ သိန်းခွဲနဲ့ ဘိန်းစိမ်းတွေဖမ်းမိ

​တရုတ်ဟာပြိုင်ဘက်ရော မိတ်ဖက်ပါလို့ အမေရိကန်ဆို (ဓာတ်ပုံသတင်း)

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး တောင်းဆိုမှုကိုအာဆီယံအထူးကိုယ်စားလှယ် အပြုသဘောတုံ့ပြန်

​အီရန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရှေ့မတိုးနိုင်ဘဲ သမ္မတထရန့် အကျပ်ရိုက်နေ

မဏိပူရမှာ သာဒိုခရစ်ယာန်ခေါင်းဆောင် ၄ ဦး ခြုံခိုတိုက်ခိုက်ခံရလို့သေဆုံး

Releated Post

လယ်မူလားမှာအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းဆောင်နှစ်ဆောင်ပျက်စီး

May 14, 2026
ဓာတ်ပုံ - ထိုင်းတော်ဝင်ကြည်းတပ် သတင်းပြန်ကြားရေးဌာန

ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးပြား ၂ သိန်းခွဲနဲ့ ဘိန်းစိမ်းတွေဖမ်းမိ

May 14, 2026

​တရုတ်ဟာပြိုင်ဘက်ရော မိတ်ဖက်ပါလို့ အမေရိကန်ဆို (ဓာတ်ပုံသတင်း)

May 14, 2026

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး တောင်းဆိုမှုကိုအာဆီယံအထူးကိုယ်စားလှယ် အပြုသဘောတုံ့ပြန်

May 13, 2026

​အီရန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရှေ့မတိုးနိုင်ဘဲ သမ္မတထရန့် အကျပ်ရိုက်နေ

May 13, 2026

မဏိပူရမှာ သာဒိုခရစ်ယာန်ခေါင်းဆောင် ၄ ဦး ခြုံခိုတိုက်ခိုက်ခံရလို့သေဆုံး

May 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page