Border News Agency
လယ်မူလား၊ မေ ၁၄။
တနင်္သာရီတိုင်း၊လယ်မူလားမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းဆောင်နှစ်ဆောင်ပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ မေလ ၁၄ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ လယ်မူလားမြို့နယ်၊တကူကျေးရွာအုပ်စု၊ တကူကျေးရွကို မေလ ၁၃ရက်၊ မနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်မှ ဂျက်ဖိုက်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် တကူကျေးရွာရဲ့ အထက်တန်းပြစာသင်ကျောင်း ကျောင်းဆောင်နှစ်ဆောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားနေထိုင်ရာနေရာ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကိုရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကို နေ့စဉ်ပြုလုပ်လာနေပါတယ်။
ကေအဲန်ယူဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာကို ဆက်လက်ဖြစ်ပွားနေတဲ့လေကြောင်းတိုက်ခိုက်တာတွေကို ရပ်တန့်စေဖို့ ထိရောက်တဲ့တားဆီးကာကွယ်တာတွေကို လုပ်ဆောင်ပေးဖို့ တိုက်တွန်းအသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်မှ ထင်ရှားတဲ့ဥပဒေချိုးဖောက်တာတွေကို မတားဆီးဘဲ ဆက်လက်နှုတ်ဆက်နေတာဟာ အကြမ်းဖက်တာတွေကို ပိုမိုကျူးလွန်လာစေဖို့အတွက် အားပေးကူညီရာရောက်တယ်လို့လည်းဆိုပါတယ်။






