Border News Agency
မန္တလေး၊ဇွန် ၃၀။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် “ကြိုးနဲ့စွန်” Campaign မှာ ပြည်သူတရပ်လုံး အားသွန်းခွန်စိုက် ပါဝင်ဆင်နွှဲပေးကြဖို့ ဇွန်လ ၃၀ ရက်၊ဒီနေ့မှာတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
တိုက်ပွဲတွေဟာ နည်းပညာတိုက်ပွဲအဖြစ် ပြောင်းလဲလာတာကြောင့် ဝေဟင်နည်းပညာတွေ တိုးမြှင့်နိုင်ရေးဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ အရေးကြီးတဲ့ မျက်နှာစာတခု ဖြစ်လာတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ရန်သူ့လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။
နောက်ပြီးရန်သူကို ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေတာကြောင့် ကမ်ပိန်းမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။










