Border News Agency
ရန်ကုန်၊ ဒီဇင်ဘာ ၁။
ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF) စစ်သင်တန်းဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုတာ ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ စစ်သင်တန်းဆင်းပွဲ အပတ်စဉ် ၅ ကို ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့ အညာဒေသတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ရဲဘော်တို့ …ရဲဘော်တို့ဟာ အခက်ခဲမျိုးစုံ၊ လိုအပ်ချက်မျိုးစုံနဲ့ အခုလိုကြမ်းတမ်းတဲ့ အခြေခံစစ်သင်တန်းကို ပြီးမြောက်အောင်ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ရဲဘော်တို့ကို ဂုဏ်ယူပါတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးနဲ့ လွတ်မြောက်ရေးဆိုတာ ကိုယ်လုပ်မှကိုယ်ရတာဖြစ်တဲ့အတွက် ရဲဘော်တို့အနေနဲ့ အဖိနှိပ်ခံပြည်သူလူထုလွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အဆုံးသတ်အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲ၀င်ကြဖို့ကိုလည်း ကျမ်းသစ္စာကျိန်ဆိုတာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။




















