Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်ဘေးရှောင် စီးပွားရေး ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၅။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိစစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကစစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအပြင် စောင်နဲ့အနွေးထည်တွေအရေးပေါ်လိုအပ်နေတယ်လို့ ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတွေပြတ်လပ်မှုနဲ့ရင်ဆိုင်နေကြရပြီး ဆန်၊ ဆီ၊ ဆားစတဲ့အခြေခံစားသောက်ကုန်တွေ လုံလောက်မှုမရှိတော့ပါဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ကျနော်တို့ ခုစားဝတ်နေရေးအခက်အခဲရှိပါတယ်။ ရိက္ခာတွေပြတ်လက်နေပါပြီ။ ပြောရမယ်ဆိုရင် စားဝတ်နေရေးအတွက် ငွေးကြေးအလှူရှင်တွေရှိရင်တော့ လှူစေချင်ပါတယ်။ စခန်းမှာလည်းလူတွေများလာတဲ့အတွက်ကြောင့် အိမ်ခြေတွေသုံးရာတောင်ကျော်လာတော့ ကျနော်တို့တော်တော်အခက်အခဲနဲ့ကြုံနေရပါတယ်။ အဖွဲ့အစည်းတွေဆီကလည်း အကူအညီသိပ်မရပါဘူး။ အဲဒါကြောင့် အလှူရှင်တွေကိုလည်းကူညီပေးဖို့တောင်ဆိုချင်ပါတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်အမျိုးသားတဦးက Border News Agency ကိုပြောပါတယ်။

​အဲဒီအပြင်ဆောင်းရာသီဖြစ်တာမို့ အအေးဒဏ်ကို ပိုခံစားနေကြရတာကြောင့် စောင်၊ အနွေးထည်တွေအရေးပေါ်လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီထဲမှာ စစ်ဘေးရှောင်စခန်းကက လေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အနွေးထည်တွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။

“ကလေးတွေများတဲ့သူတွေမှာ အနွေးထည်အများမရှိဘူး။ သက်ကြီးတွေမှာလည်း မရှိကြဘူး။ မေတ္တာရပ်ပြီး စားနေကြရတော့အနွေးထည်ဝယ်ဝတ်ဖို့မပြောနဲ့ စားဝတ်နေရေးတောင်အနိုင်နိုင်ပါ။ အနွေးထည်လောက်တော့မစဉ်းစားနိုင်တော့ပါဘူး။ တရက်စာတရက်မရှာစားနိုင်ကြဘူး လူတွေမှာလည်း။ အနွေးထည်တွေ လာရင်ကောင်းမယ် လာရင်ကောင်းမယ် ဆိုပြီးတော့ လူတိုင်းတော့ပြောနေကြတယ်။ မရကြသေးဘူး။”လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်စိုက်ပျိုးရေးခြံ စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံက Border News Agency ကိုပြောပါတယ်။

အာရက္ခဒေသမှာ စောင်တထည်ကိုအထူ၊ အပါးအပေါ်မှုတည်ပြီးအနိမ့်ဆုံးဈေးကျပ်သုံးသောင်းမှ ကျပ်ငါးသောင်းကျော်အထိဈေးနှုန်းမြင့်တက်နေတယ်လို့ဆိုကြပါတယ်။

အဲဒီလို ကုန်စျေးစျေးတွေမြင့်တက်နေတာကြောင့် အနွေးထည်တွေ၊ စောင်တွေဝယ်ဖို့အခက်အခဲတွေရှိနေတာမို့ အကူအညီတွေပေးကြဖို့တောင်းဆိုနေကြပါတယ်။

“ကျနော်တို့က အလှူရှင်တွေကိုတောင်းဆိုချင်ပါတယ်။ အနွေးထည်တွေ၊ ခြင်ထောင်တွေ ပေးစေချင်တယ်။ဒီနှစ်မှာတော့အကူအညီတွေမရှိပါ။ အနွေးအထည်မရှိလို့ရှိတာလေးနဲ့ခိုလုံနေရတာပါပဲ။ မဝယ်နိုင်ပါဘူး။ အင်္ကျီလက်ရှည်လေးတွေနဲ့အထပ်လိုက်ဝတ်ပြီးနေနေရပါတယ်။ စောင်တွေဆိုရင်လည်းအရင်တုန်းက စောင်ပါးပါးလေးတွေနဲ့နေရတာလဲရှိပါတယ်။”လို့ စစ်ဘေးရှောင်တဦးကပြောပါတယ်။

အာရက္ခဒေသကစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရတာကြောင့် အဘက်ဘက်ကခက်ခဲကျပ်တည်းမှုတွေနဲ့ ကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ ပြည်သူတွေကဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသကို ကုန်းလမ်း၊ ရေလမ်းတွေပိတ်ဆို့ဖြတ်တောက်ထားတာမို့ ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာနေပြီး ပြည်သူတွေရဲ့နေ့စဉ်ဘဝမှာအခက်အခဲတွေနဲ့ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတာအဖွဲ့အစည်းတွေနဲ့လူမူကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်းတွေမှာလည်း ဖုန်းလိုင်း၊ အင်တာနက်အခက်အခဲတွေကြောင့် မလည်ပတ်နိုင်တော့ဘဲရပ်နားထားရတာမို့ စစ်ဘေးရှောင်တွေမှာ အကူညီမရတော့ဘဲ ပိုမိုခက်ခဲလာနေတယ်လို့ဆိုကြပါတယ်။

အာရက္ခ​ဒေသမှာ စစ်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကနေ ခုချိန်ထိအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ဘေးရှောင်နေထိုင်သူခြောက်သိန်းကျော်ခန့်ရှိနေတယ်လို့ ULA/AAရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

PrevPreviousလွိုင်ကော်မှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်
Nextမတူပီတော်လှန်ရေးအဖွဲ့ချုပ် အခြေခံစစ်ပညာသင်တန်းဆင်း (ဓာတ်ပုံသတင်း)Next
Previous Post

လွိုင်ကော်မှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်

Next Post

မတူပီတော်လှန်ရေးအဖွဲ့ချုပ် အခြေခံစစ်ပညာသင်တန်းဆင်း (ဓာတ်ပုံသတင်း)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - APM

ရသေ့တောင်မှာသုံးရက်အတွင်း မိုင်းနဲ့ ဗုံးသီး ၂၀၀ ကျော် AA ရှင်းလင်း

March 20, 2026

အီရန်ဝေဟင်မှာအမေရိကန် F-35 တိုက်လေယာဉ် ပစ်ခတ်ခံရ

March 20, 2026
(ဓာတ်ပုံ - ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီ(USDP)ရဲရခိုင်ပြည်နယ်ဥက္ကဋ္ဌဒေါက်တာစန်းရွှေ / လူမှုကွန်ရက်)

ဒေါက်တာစန်းရွှေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေး

March 20, 2026

​အစ္စရေးရဲ့အကြီးဆုံးစစ်ဗျူဟာမြောက် ရေနံချက်စက်ရုံတိုက်ခိုက်ခံရ

March 20, 2026

ရသေ့တောင်မှာသုံးရက်အတွင်း မိုင်းနဲ့ ဗုံးသီး ၂၀၀ ကျော် AA ရှင်းလင်း

အီရန်ဝေဟင်မှာအမေရိကန် F-35 တိုက်လေယာဉ် ပစ်ခတ်ခံရ

ဒေါက်တာစန်းရွှေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေး

​အစ္စရေးရဲ့အကြီးဆုံးစစ်ဗျူဟာမြောက် ရေနံချက်စက်ရုံတိုက်ခိုက်ခံရ

​ကျောက်ကြီးမြို့နယ်ရှိ စစ်ကော်မရှင်တပ်သား ၃ ဦး KNLA ဆီ အလင်းဝင်

​ထိုင်းနေရာ ၃ ခုမှာ မြန်မာ ၅ ဦးအပါအဝင် ၈ ဦး အဖမ်းခံရ

Releated Post

Photo - APM

ရသေ့တောင်မှာသုံးရက်အတွင်း မိုင်းနဲ့ ဗုံးသီး ၂၀၀ ကျော် AA ရှင်းလင်း

March 20, 2026

အီရန်ဝေဟင်မှာအမေရိကန် F-35 တိုက်လေယာဉ် ပစ်ခတ်ခံရ

March 20, 2026
(ဓာတ်ပုံ - ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီ(USDP)ရဲရခိုင်ပြည်နယ်ဥက္ကဋ္ဌဒေါက်တာစန်းရွှေ / လူမှုကွန်ရက်)

ဒေါက်တာစန်းရွှေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေး

March 20, 2026

​အစ္စရေးရဲ့အကြီးဆုံးစစ်ဗျူဟာမြောက် ရေနံချက်စက်ရုံတိုက်ခိုက်ခံရ

March 20, 2026

​ကျောက်ကြီးမြို့နယ်ရှိ စစ်ကော်မရှင်တပ်သား ၃ ဦး KNLA ဆီ အလင်းဝင်

March 20, 2026

​ထိုင်းနေရာ ၃ ခုမှာ မြန်မာ ၅ ဦးအပါအဝင် ၈ ဦး အဖမ်းခံရ

March 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page