Border News Agency
မူး၊ ဒီဇင်ဘာ ၆။
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဒီဇင်ဘာလ ၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကော်မရှင်တပ်ရဲ့ ခလရ၇၃တပ်ရင်းမှ ၁၂၀ မမသုံးလုံးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုပစ်ခတ်တာကြောင့် အသက်သုံးဆယ်သုံးနှစ်အရွယ်ဦးသူရိန်စိုး၊ အသက်ခခုနှစ်ဆယ်အရွယ် ဦးတိုးကြီးတို့သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် အသက်ဆယ့်ခြောက်နှစ်အရွယ်မောင်ဟိန်းသူရအောင်၊ အသက်လေးဆယ်နှစ်နှစ်အရွယ်ဒေါ်ခိုင်သဇင်၊ အသက်ငါးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်သန်းသန်း၊ အသက်ခြောက်ဆယ်ငါးနှစ်အရွယ် ဒေါ်ကလေးမတို့ ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် တမောမရွာဟောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ရဲ့ တောင်ငူလေတပ်မှဂျန်ရိုမော်တာနဲ့၁၂၀ မမနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောက့် အသက်ခုနှစ်ဆယ်အရွယ်နော်တူးကလာ ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် လယ်ဒိုမြို့နယ်၊ ကျွန်းကုန်း(ပိုးရိုးနိုဖိုး)ကျေးရွာကို နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် နေအိမ်လေးဆယ်လေးလုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာနတ်သံကွင်း-ကျောက်ကြီးကားလမ်းမကြီးကို အင်အားသုံးစစ်ကြောင်းထိုးနေပြီး လက်နက်ကြီး၊ ဒရုန်း၊ ဂျန်ရှိမော်တာတွေနဲ့နေစဉ်ပစ်ခတ်နေတယ်လို့ဆိုပါတယ်။













