Border News Agency
သာကေတ၊ အောက်တိုဘာ ၆။
ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ဇင်္ဂမလမ်းမှာ အောက်တိုဘာလ ၄ ရက်နေ့ကမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ ငွေကျပ်သိန်းနှစ်ထောင် တ ရာကိုးဆယ့် ခုနှစ်သိန်း ငါးသောင်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။
ဇင်္ဂမလမ်းမှာ လမ်းလျှောက်လာသူ သန်းထွေး (ခ) နိုင်ဦးကို စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်းတထောင် သုံးရာ ငါးဆယ်တန်ဖိုးရှိ စိတ်ကြွဆေးပြားကိုးသောင်းပြားကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်အောင်ရဲဖြိုး (ခ) အောင်လေးနဲ့ ကျော်ကျော်လွင် (ခ) ကျော်လွင် နေထိုင်တဲ့ အမှတ် ၅ ရပ်ကွက်ရှိ သူတို့ရဲ့ နေအိမ်ကနေ ငွေကျပ်သိန်း ရှစ်ရာ လေးဆယ့် ခုနှစ်သိန်း ငါးသောင်းတန်ဖိုးရှိ အိုက်စ်အလေးချိန်သုံးကီလိုကျော်နဲ့ လက်ကိုင်ဖုန်း နှစ်လုံး ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ သက်သေတွေနဲ့အတူ သူတို့အားလုံးကို သာကေတမြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။






