Border News Agency
တာချီလိတ်၊ အောက်တိုဘာ ၆။
တာချီလိတ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာအောက်တိုဘာလ ၄ ရက်၊ ည ၈ နာရီအချိန်ခန့်မှာ ငွေကျပ်သိန်း လေးထောင် ခုနှစ်ရာ လေးဆယ့် နှစ် သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီတာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်နေ စိုင်းကျော်ထွန်း (ခ) အားဖျင်ရဲ့ နေအိမ်ကို စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း လေးထောင် နှစ်ရာ လေးဆယ့် နှစ်သိန်းတန်ဖိုးရှိ အိုက်စ်အလေးချိန်ရှစ်ရာ ဂရမ်၊ ကက်တမင်း အဆီရည်တဒသမ သုံး ခုနစ် ငါး လီတာ၊ စိတ်ကြွဆေးပြား သုံးထောင် ငါးရာပြားတို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ငွေကျပ်သိန်း ခြောက်ထောင်တရာတန်ဖိုးရှိ အက်တက်စီအခဲငါးရာဂရမ်၊ အနံ့ဆေးရည်သုည ဒသမရှစ်လီတာနဲ့ လက်ကိုင်ဖုန်းတလုံးတို့ကိုလည်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ သက်သေတွေနဲ့အတူ အသက်လေးဆယ့်နှစ်နှစ်အရွယ် စိုင်းကျော်ထွန်း (ခ) အားဖျင်ကို ဟောင်လိတ်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။









