Border News Agency
မြောက်ဦး၊ဒီဇင်ဘာ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကိုဒီဇင်ဘာလ ၁၀ ရက်နေ့၊ည ၉ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ၃၁ ဦးသေဆုံးပြီး ၅၁ ဦးဒဏ်ရာရသွားကြတယ်လို့ မြောက်ဦးမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအထဲမှာ အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၁၅ ဦးသေဆုံးပြီး အမျိုးသမီး ၉ ဦး၊ အမျိုးသား ၁၉ ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြပါတယ်။ နောက်ပြီး အမျိုးသမီး ၁၇၊အမျိုးသား၈ ဦးဒဏ်ရာရရသွားကြပါတယ်။
အဲဒီဆေးရုံမှာဆေးကုသမှုခံယူနေကြတဲ့လူနာတွေ၊ လူနာစောင့်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရသွားကြတာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြောက်ဦးဆေး ရုံကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကပေါင်းငါးရာဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့်ဆေးရုံအတွင်းကျရောက်ပေါက်ကွဲခဲ့သလိုဆေးရုံအဆောင်တ ချို့လည်းမီးလောင်ပျက်စီးသွားခဲ့ပါတယ်။
အဲဒီသေဆုံးဒဏ်ရာရသူတွေရဲ့အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးပါမယ်။
















