Border News Agency
မန္တလေး၊ ဒီဇင်ဘာ ၁၅။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဈေးဆိုင်တွေနဲ့ ပြည်သူနေအိမ်တွေမီးလောင်နေတယ်လို့ တယ်
လို့ ဝက်လက်သတင်းကွန်ရက်မှ ထုတ်ပြန်ပါတယ်။
အဲ့ဒီလက်ပန်လှကျေးရွာကို စစ်ကော်မရှင်တပ်ဟာ ဒီဇင်ဘာလ ၁၅ ရက်၊ ဒီနေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်က လေကြောင်းမှ သုံးကြိမ်ထိတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်တာကြောင့် ပြည်သူနေအိမ်တွေနဲ့ ဈေးဆိုင်တွေ မီးလောင်နေတယ်လို့ ဆိုပါတယ်။















