Border News Agency
မြိုင်၊ ဒီဇင်ဘာ ၂၀။
မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ် ကျေးရွာတွေကို စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးမီးရှို့ခဲ့လို့ နေအိမ်နှစ်ဆယ့်လေးလုံးနဲ့ ရိတ်သိမ်းပြီးတဲ့စပါးတွေ မီးလောင် ပျက်စီးခဲ့ရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်းမှ စက်တင်ဘာလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့က အိုရင်းရွာ၊ အိုရင်းရွာသစ်ရွာ၊ ဇောင်ဂျမ်းကုန်းရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဇောင်ဂျမ်း ကုန်းရွာမှ နေအိမ်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်နှစ်ဆယ့်လေးလုံးမီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တောင်သူတွေရဲ့စပါးတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကျေးရွာတွေဟာ တောင်ယာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ ကျေးရွာတွေဖြစ်တာကြောင့် ခုချိန်မှာ တောင်သူတွေဟာနေစရာအိမ်အပြင် သီးနှံ တွေပါမီးလောင်ဆုံးရှုံးခဲ့တာမို့ စားဝတ်နေရေး အခက်အခဲ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။














