Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ “အောင်လံလွှင့်မည့်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ” မှ ဦးဆောင်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်၊ ဒီနေ့မှာ ပြည်သူတွေနဲ့ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။
အဲဒီလှုပ်ရှားမှုမှာ “တရားဝင် လူသတ်ခွင့်မပေးနဲ့” ဆိုတဲ့စာကြောင်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
စစ်အာဏာရှင်ရဲ့ မတရားဖိနှိပ်မှုတွေကြားမှ ပြည်သူတွေခံတွန်းလှန်မှု အရှိန်အဟုန်ကိုပြသဖို့နဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ခုလို ရဲရဲဝံ့ဝံ့လူထုသပိတ်တို့ ဆင်နွှဲခဲ့ကြတာလို့ ဆိုပါတယ်။










