Border News Agency
မောင်တော၊ ဒီဇင်ဘာ ၃၀။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒိီမောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးခြေထောက်တဖက်ပြတ်ထွက်သွားခဲ့တယ်လို့ဆိုပါတယ်။
ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ကိုမျိုးလင်းစိုးမှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
သူဟာအပေါက်ဝကျေးရွာမှ မောင်တောမြို့နယ်မှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နေ့လည် ၂ နာရီအချိန်ခန့်မှာ သူ့သူငယ်ချင်းနှစ်ဦးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်း မိုင်တိုင်အမှတ် ၅၀ အနီးမှာ တောကြတ်ထောင်ဖို့သွားချိန် မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တဖက်ပြတ်ထွက်သွားတာလို့ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။





