Border News Agency
စစ်တွေ၊ ဒီဇင်ဘာ ၃၀။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်ရှိ ရခိုင်ပြည်နယ်လွှတ်တော်ကို ပြန်လည်ပြုပြင်နေပါတယ်။
အဲဒီလွှတ်တော်ဟာ စစ်တွေ-ရေချမ်းပြင်သွားလမ်းမှာတည်ရှိပြီး စစ်ကော်မရှင်တပ်ကစစ်ရေးခံတပ်အဖြစ် အသုံးပြုနေတာဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ဟာ တဆယ့်လေးမြို့နယ်ထိထိန်းချုပ်ထားပြီး စစ်ကော်မရှင်တပ်ဟာသုံးမြို့နယ်ကိုသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။
အဲဒီစစ်တွေ၊ ကျောက်ဖြူ၊မာန်အောင် သုံးမြို့နယ်မှာရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ရခိုင့်ဦးဆောင်ပါတီ(AFP) နှစ်နေရာ၊ ရခိုင်တိုင်းရင်းသားများပါတီ(RNP)တနေရာရာသာအနိုင်ရပြီး ကျန်နေရာအားလုံးကို ကြံ့ဖွတ်ပါတီပါအနိုင်ရသွားပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်ဟာ သုံးမြို့နယ်ကကိုယ်စားလှယ်တွေနဲ့ ပြည်နယ်လွှတ်တော်ကိုခေါ်ယူဖို့ပြင်ဆင်နေတာလို့နားလည်ရပါတယ်။
















