Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စီးပွားရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

​စပါးဈေးကောင်းမရလို့ အာရက္ခဒေသလယ်သမားတွေရပ်တည်ရခက်ခဲနေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇန်နဝါရီ ၅။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေက လယ်သမားတွေဟာသွင်းအားစုစာရိတ်အဆမတန်မြင့်တက်တာနဲ့ စပါးဈေးကောင်းမရတာတွေကြောင့် ရပ်တည်ရခက်ခဲနေကြတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။

​စစ်ပွဲဒဏ်ခံနေရတဲ့ကာလတွေမှာ စိုက်ပျိုးစရိတ်ချေးငွေရပ်ဆိုင်းသွားတာ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် စပါးတွေကိုရောင်းချဖို့ ဈေး ကွက်မရှိကြတာမို့ ရပ်တည်ရေးခက်ခဲနေကြတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။

“စစ်ဖြစ်နေတဲ့အတောအတွင်းလယ်သမားတွေအခက်အခဲပေါင်းစုံရင်ဆိုင်ရတယ်။ စက်နဲ့ ငှားထွန်ရင်ဝါးတရာကို နှစ်သိန်း၊ သုံးသိန်းပေးရတယ်။ အရင်က မိုးဦးကျရင် စိုက်ပျိုးစရိတ်ချေးငွေရပေမယ့် အခုက ဘာမှမရတော့ဘူး။ အကြွေးတွေ၊ အတိုးတွေနဲ့ စိုက်နေရတာ။” လို့ ကျောက်တော်မြို့နယ်ရှိ လယ်သမားတဦးဖြစ်တဲ့ဦးကျော်သောင်းက Border News Agency ကိုပြောပါတယ်။

​အဲဒီအပြင် ကုန်စျေးနှုန်းတွေမြင့်တက်လို့ မြေဩဇာတွေမသုံးရတာ၊ ရာသီဥတုမမှန်တာတွေကြောင့် ခုနှစ်စပါးအထွက်နှုန်းမှာ ပြီးခဲ့တဲ့နှစ်တွေကထက် သိသိသာသာလျော့ကျသွားတယ်လို့ လယ်သ မားတွေက ဆိုကြပါတယ်။

အဲဒီလိုစပါးအထွက်နှုန်းလျော့ကျသွားတာ၊စပါးစျေးကောင်းမရတာတွေကြောင့် မိသားစုစားဝတ်နေရေးအတွ က် ပိုမိုကျပ်တည်းလာနေတယ်လို့ လ ယ်သမားတွေကိုကြပါတယ်။

​“စပါးလေးကလေးသိန်း၊ပေါ်ဆန်းမွှေးက ခြောက်သိန်းခွဲပဲရှိတယ်။ထွန်ခက ဝါးတရာကိုတသိန်းခွဲ၊မြေဩဇာကတအိတ်ကို နှစ်သိန်းကျော်နေပြီ။ရိတ်သိမ်းခတွေနဲ့ပါဆိုရင်လယ်သမားတွေအရမ်းရှုံးပါတယ်။ ဒီနှစ်မှာ စပါးအထွက်နှုန်းကလည်း အရင်နှစ်ထက် လျော့သွားတယ်။” ကျောက်တော်မြို့နယ်ရှိ လယ်သ မားတဦးက Border News Agency ကိုပြောပါတယ်။

​အာရက္ခစစ်ပွဲတွေကြောင့် လမ်းပန်းဆ က်သွယ်ရေးခက်ခဲတာ၊သယ်ယူပို့ဆောင်ရေးစာရိတ်ကြီးမြင့်တာနဲ့ ကုန်စည်စီးဆင်းမှုရပ်တန့်နေတာတွေကြောင့် စပါးစျေးကောင်းမရဘူးလို့လည်း လယ်သမားတွေကဆိုကြပါတယ်။

​အဲဒီလို စပါးစျေးကောင်းမရတာတွေကြောင့် လယ်သမားအများစုမှာ မိသား စုစားဝတ်နေရေးအတွက်သာမက လာမယ့်စိုက်ပျိုးရာသီအတွက်ပါ ရင်းနှီးမြှုပ်နှံဖို့ငွေကြေးအခက်အခဲတွေနဲ့ရင် ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

​“ဒီနှစ်လိုမျိုးဆိုရင် လယ်သမားတွေ အားလုံး လယ်အလုပ်ပြုတ်သွားမယ့် အခြေအနေဖြစ်နေတယ်။ စပါးဈေးကမကောင်း၊စာရိတ်ကများဆိုတော့အကု န်အရှုံးပဲ။အဲဒီတော့ နောက်နှစ်မှာ မိ သားစုစားဖို့လောက်ပဲလျှော့ပြီးထွန်ကြတော့မယ့်အခြေအနေရှိနေပါတယ်။” လို့ လယ်သမားတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခလယ်သမားတွေအတွက်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဒေ သတွင်းစပါးဈေးကွက်ပြန်ပြီးဦး မော့လာစေဖို့နဲ့ သွင်းအားစုပစ္စည်းတွေကိုဈေးနှုန်းသက်သာစွာရနိုင်ဖို့ စနစ်တ ကျစီမံဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့လယ်သမားတွေက ဆိုကြပါတယ်။

အဲဒီအပြင် လယ်သမားတွေရေရှည်ရပ်တည်နိုင်ဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးစာရိတ်နဲ့ နည်းပညာအကူအညီတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကထိရောက်စွာ ကူညီပံ့ပိုးပေးဖို့ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

PrevPrevious​မောင်တောခရိုင်မှာအအေးလှိုင်းကြောင့်ဒေသခံတွေ အအေးဒဏ်ပြင်းထန်စွာခံစားနေကြရ
Nextကယန်းအမျိုးသားတပ်မတော်မှာ တပ်ရင်းအသစ်တိုးNext
Previous Post

​မောင်တောခရိုင်မှာအအေးလှိုင်းကြောင့်ဒေသခံတွေ အအေးဒဏ်ပြင်းထန်စွာခံစားနေကြရ

Next Post

ကယန်းအမျိုးသားတပ်မတော်မှာ တပ်ရင်းအသစ်တိုး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ONN

အင်းဒင်မှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးဆယ်ဦးဒဏ်ရာရ

August 20, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ရခိုင်စာပေနဲ့ ယဉ်ကျေးမှုလေ့လာတွေ့ရှိချက်အစီရင်ခံစာ လွှတ်တော်မှတ်တမ်းတင်

August 20, 2026
Photo - ONN

​ကြိမ်ချောင်းမှာ ချောင်းရေတိုက်စားပြီး ကမ်းပါးပြိုနေလို့ ဆေးရုံနဲ့အိမ်တွေစိုးရိမ်နေရ

August 20, 2026
ဓာတ်ပုံ - NUG

​ဂျပန်ရောက်မြန်မာတွေနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆွေးနွေး

August 20, 2026

မုဒုံမှာ တောင်ကျရေစီးဆင်းမှုကြောင့် ကားလမ်းမပေါ်ရေကျော်နေ

တာချီလိတ်နဲ့တောင်ကြီးမှာ ကျပ်သိန်းရှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေဖမ်းမိ

ရဲဝင်းဦးနဲ့ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး တွေ့ (ဓာတ်ပုံသတင်း)

မြို့လေးမြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ထိုင်းမှာ နန်းမြစ်ရေလျှံမှုကြောင့် နန်းမြို့စီးပွားရေးဇုန် ရေကြီးနေ

အီရန်အပေါ် အပြင်းထန်းဆုံး စီးပွားရေးပိတ်ဆို့မှုတွေလုပ်မယ်လို့ ဒေါ်နယ်ထရမ့်ကြေညာ

Releated Post

ဓာတ်ပုံ - မီးသတ်ဦးစီးဌာန

မုဒုံမှာ တောင်ကျရေစီးဆင်းမှုကြောင့် ကားလမ်းမပေါ်ရေကျော်နေ

August 20, 2026
ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

တာချီလိတ်နဲ့တောင်ကြီးမှာ ကျပ်သိန်းရှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေဖမ်းမိ

August 20, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ရဲဝင်းဦးနဲ့ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး တွေ့ (ဓာတ်ပုံသတင်း)

August 20, 2026
ဓာတ်ပုံ - မိုးဇလ

မြို့လေးမြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

August 20, 2026
ဓာတ်ပုံ - Thi PBS North

ထိုင်းမှာ နန်းမြစ်ရေလျှံမှုကြောင့် နန်းမြို့စီးပွားရေးဇုန် ရေကြီးနေ

August 20, 2026
ဓာတ်ပုံ - Al Jazeera

အီရန်အပေါ် အပြင်းထန်းဆုံး စီးပွားရေးပိတ်ဆို့မှုတွေလုပ်မယ်လို့ ဒေါ်နယ်ထရမ့်ကြေညာ

August 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page