Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း

လာမယ့်ဧပြီလမှာ စစ်ကော်မရှင်အစိုးရဖွဲ့မယ်

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
14
VIEWS
Share on FacebookShare on Twitter

Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၁၂။

စစ်ကော်မရှင်ဟာလာမယ့်မတ်လမှာလွတ်တော်ခေါ်ပြီးဧပြီလမှာအစိုးရဖွဲ့မယ်လို့ ဇန်နဝါရီလ ၁၁ ရက်၊ မနေ့က မီဒီယာတွေကို ပြောပါတယ်။

အဲဒီအာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရန်ကုန်မြို့က မဲရုံတွေကိုလိုက်လံကြည့်နေချိန်မှာ စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ပြောတာပါ။

“လွှတ်တော်ကတော့ မတ်လထဲမှာခေါ်မှာပဲ။ ဧပြီလထဲမှာတော့ အစိုးရသစ်တာဝန်တွေက ထမ်းဆောင်မှာပဲ။ အရင်တုန်းကလုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်။”လို့ စစ်ကော်မ ရှင်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း ၁ ကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၈ ရက်နေ့က ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်မှာသာကျင်းပနိုင်ခဲ့ပါတယ်။

အဲဒီသုံးမြို့နယ်မှာစစ်တပ်နောက်ခံကြံ့ဖွတ်ပါတီကအများဆုံးအနိုင်ရထားပြီးရခိုင့်ဦးဆောင်ပါတီ၊ရခိုင်တိုင်းရင်း သားများပါတီကလည်း အနည်းငယ်စီအနိုင်ရထားကြပါတယ်။

ဒါပေမယ့်ရခိုင့်ဦးဆောင်ပါတီ(AFP)ဥ က္ကဋ္ဌဒေါက်တာအေးမောင်၊ရခိုင်တိုင်း ရင်းသားများပါတီ(RNP)ဥက္ကဋ္ဌဦးဘရှိန်ဟာရွေးကောက်ပွဲအနိုင်မရခဲ့ကြတာမို့လွှတ်တော်တက်ခွင့်မရကြတော့ပါဘူး။

အဲဒါကြောင့်စစ်ကော်မရှင်ဦးဆောင်မယ့်လွှတ်တော်နဲ့အစိုးရအဖွဲ့ဟာ အာဏာသိမ်းစစ်တပ်နောက်ခံပြုကြံ့ဖွတ်ကြီးစိုးပြီးစစ်တပ်ကသာစိတ်ကြိုက်ခြယ်လှယ်မယ့်ဟန်ပြလွှတ်တော်၊ဟန်ပြအစိုးရအ ဖွဲ့သာဖြစ်မယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

“အာဏာသိမ်းစစ်တပ်ထွက်ပေါက်အတွက်ကြံ့ဖွတ်ကိုအသုံးချတဲ့ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲ၊ လွှတ်တော်၊ အစိုးရဟာဟန်ပြသက်သက်ပါပဲ။ ဒေါက် တာအေးမောင်တို့လည်းအမည်ပျက်ရုံအသုံးချခံတွေပါပဲ။” လို့ ရခိုင်နိုင်ငံရေးသမားတဦးက Border News Agencyကို ပြောပါတယ်။

အဲဒီရွေးကောက်ပွဲအပိုင်း ၂ ကိုမြို့နယ်ပေါင်း ၁၀၀ မှာ ဇန်နဝါရီလ ၁၁ ရက်၊မနေ့ကကျင်းပခဲ့ပြီးလာမယ့်ဇန်နဝါရီ လ ၂၅ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း ၃ ကို ကျင်းပမှာဖြစ်ပါတယ်။

အဲဒါကြောင့်စစ်တွေမြို့ရှိရခိုင်ပြည်နယ်လွှတ်တော်အဆောက်အအုံတွေအပါအ ဝင်စစ်ကော်မရှင်ထိန်းချုပ်နယ်မြေတွေရှိလွှတ်တော်အဆောက်အအုံတွေကို ပြ န်ပြင်နေပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်တည်ရှိတဲ့မြို့တော်စစ်တွေကို အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို အာရက္ခတပ်တော်အပြီးသတ်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

PrevPreviousအကြမ်းဖက်သမားတွေ လူလှိုင်းစစ်ဆင်ရေးကို ပြန်အသုံးပြုနေ
Nextဆင်ဖြူကျွန်းရှိနွယ်တမယ်ရွာကိုစစ်တပ်ပြန်ထိန်းချုပ်Next
Previous Post

အကြမ်းဖက်သမားတွေ လူလှိုင်းစစ်ဆင်ရေးကို ပြန်အသုံးပြုနေ

Next Post

ဆင်ဖြူကျွန်းရှိနွယ်တမယ်ရွာကိုစစ်တပ်ပြန်ထိန်းချုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​Photo-GEM

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

March 6, 2026
Photo - TNLA

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

March 6, 2026

အီရန်ခေါင်းဆောင်သစ်ရွေးချယ်ရာမှာ အမေရိကန်ပါဝင်ရမယ်လို့ ထရန့်ပြော

March 6, 2026
Photo-BNA

မြောက်ဦးရှိ လက်ဆည်ကန်နဲ့ အနူမကန်ကို အာရက္ခအစိုးရထိန်းသိမ်းမယ်

March 6, 2026

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

အီရန်ခေါင်းဆောင်သစ်ရွေးချယ်ရာမှာ အမေရိကန်ပါဝင်ရမယ်လို့ ထရန့်ပြော

မြောက်ဦးရှိ လက်ဆည်ကန်နဲ့ အနူမကန်ကို အာရက္ခအစိုးရထိန်းသိမ်းမယ်

ရန်ကုန် သီလဝါဆိပ်ကမ်းကို ရုရှားစစ်သင်္ဘော ၃ စီး ရောက်နေ

​အီရန်ကအစ္စရေးမြို့တော်ကို ဒုံးကျည်အများအပြားနဲ့ပစ်ခတ်တိုက်ခိုက်

Releated Post

​Photo-GEM

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

March 6, 2026
Photo - TNLA

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

March 6, 2026

အီရန်ခေါင်းဆောင်သစ်ရွေးချယ်ရာမှာ အမေရိကန်ပါဝင်ရမယ်လို့ ထရန့်ပြော

March 6, 2026
Photo-BNA

မြောက်ဦးရှိ လက်ဆည်ကန်နဲ့ အနူမကန်ကို အာရက္ခအစိုးရထိန်းသိမ်းမယ်

March 6, 2026
Photo - MRTV

ရန်ကုန် သီလဝါဆိပ်ကမ်းကို ရုရှားစစ်သင်္ဘော ၃ စီး ရောက်နေ

March 6, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အီရန်ကအစ္စရေးမြို့တော်ကို ဒုံးကျည်အများအပြားနဲ့ပစ်ခတ်တိုက်ခိုက်

March 6, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page