Border News Agency
တနင်္သာရီ၊ ဇန်နဝါရီ ၁၂ ။
တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းအတွင်းရှိကျေးရွာတွေကို စစ်ကော်မရှင်တပ် ပစ်ခတ်တိုက်ခိုက်လို့ အသက်နှစ်နှစ်အရွယ်ကလေးတဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊မြိတ်ထားဝယ်ခရိုင်မှ ဇန်နဝါရီလ ၁၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီထားဝယ်မြို့နယ်ရှိ KNU လယ်ဒိုစိုးမြို့နယ်ရုံးကို ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်နှစ်နှစ်အရွယ် ကလေးငယ်တဦး သေဆုံးပြီးပြည်သူကိုးဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ပုလောမြို့နယ်၊မျှစ်ချဉ်စုရွာကို စစ်ကော်မရှင်တပ်ရဲ့ ခလရ ၂၈၅ တပ်ရင်းမှ ဒရုန်းတွေ၊လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒူးရင်းပင်ရှောင်ရွာသားတဦး ဒဏ်ရာရကာ နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ကြို့ပင်ကောက်မြို့နယ်၊အေးရွာလေးကျေးရွာရှိဘုရားအနီးတဝိုက်ကိုဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကော်မရှင်တပ်မှ ပေါင် ၅၀၀ ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြည်သူတွေနေထိုင်ရာ နေရာတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။






