Border News Agency
ပဲခူး၊ ဇန်နဝါရီ ၁၂။
ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို PDF ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဗိုလ်မှူးတဦအပါအဝင်နှစ်ဆယ်ဦး သေဆုံးသွားတယ်လို့ပဲခူးတိုင်းစစ်ဌာနမှ ဇန်နဝါရီလ ၁၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်စစ်ကြောင်းကို ဇန်နဝါရီလ ၁၂ ရက်၊ ဒီနေ့ မှာတိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးတဦအပါအဝင်နှစ်ဆယ်ဦး သေဆုံးသွားတယ်လို့ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်စစ်ကြောင်းကိုPDF အမှတ် ၃၇၀၂၊ ၃၇၀၃နဲ့အထူးကွန်မန်ဒိုတပ်ရင်းတွေအပါအဝင် မဟာမိတ်တပ်ပေါင်းစုံက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်စစ်ကြောင်းပျက်သွားပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို PDF ဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီးသုံးဦးဒဏ်ရာသွားခဲ့သလို အထိနာသွားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကတော့ ကစဥ့်ကလျားနဲ့ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။
ပဲခူးတိုင်းမြို့နယ်တွေမှာ စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းပိုင်းအသုံးပြုရာမှာ လုံခြုံရေး အထူးသတိထားကြဖို့ ပဲခူးတိုင်းစစ်ဌာနက အသိပေးထားပါတယ်။










