Border News Agency
ခလယ်လွီထူ၊ ဇန်နဝါရီ ၁၃။
ကေအဲန်ယူ၊ ခလယ်လွီထူခရိုင်ထဲမှာ စစ်ကော်မရှင်တပ်လက်နက်ကြီး၊ ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ကလေးငယ်တဦးအပါအဝင် သုံးဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇန်နဝါရီလ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလယ်ဒိုမြို့နယ်၊ ဖိုးတကျေးရွာထဲကို ဇန်နဝါရီလ ၁၃ ရက်၊ ဒီနေ့မနက်က စစ်ကော်မရှင်တပ် ဒရုန်းဗုံးတွေနဲ့တိုက်ခိုက်ခဲ့လို့ အသက်လေးဆယ်အရွယ် အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်ထဲမှကျေးရွာတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းဗုံးတွေနဲ့ ပစ်ခတ်ခဲ့လို့အသက်ရှစ်နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲအတွက် ငြိမ်းချမ်းရေးအကြောင်းပြနေပေမယ့် လက်တွေ့မှာတော့ လူထုနေထိုင်ရာကျေးရွာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။










