Border News Agency
ထိုင်း၊ဇန်နဝါရီ ၁၄။
ထိုင်းနိုင်ငံ၊ စီခီယိုခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ရထားပေါ် ကရိန်းပြိုကျမှုမှာ နောက်ဆုံးရရှိတဲ့သတင်းတွေအရ သေဆုံးသူသုံးဆယ်နှစ်ဦးထိရှိလာပြီ ဖြစ်ပါတယ်။
အဲဒီခရီးသည်တရာ့ခုနှစ်ဆယ့်တဦးလိုက်ပါလာတဲ့ ရထားရဲ့တွဲသုံးတွဲပေါ်ကို ကရိန်းကြီးပြုတ်ကျခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့တာပါ။
အဲဒီအပြင် ဆေးရုံတင်ထားရတဲ့ ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူတွေ အများအပြားရှိနေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ပါတယ်။
အဲဒီမတော်တဆမှုဟာ ထိုင်း-တရုတ် အမြန်ရထားလမ်း စီမံကိန်းလုပ်ငန်းခွင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။












