Border News Agency
ချင်းပြည်၊ ဇန်နဝါရီ ၂၃။
ချင်းပြည်၊ ဖလမ်းမြို့နယ်အတွင်းရှိကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဘုရားကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားခဲ့ပါတယ်။
အဲဒီဖလမ်းမြို့နယ်၊ Khuangli ရွာကို ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေထိခိုက်မှုမရှိပေမယ့် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားပါတယ်။
အဲဒီလိုစစ်ကော်မရှင်တပ်က ပြည်သူတွေကိုပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ရွာသားတွေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။












