Border News Agency
မူး၊ ဇူလိုင် ၉။
ပဲခူးတိုင်းဒေသ၊ မူးမြို့နယ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲလို့ အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇူလိုင်လ ၉ ရက်နေ့ထုတ်ပြန်ပါတယ်။
မူးမြို့နယ်၊ နိုကလော်ကျေးရွာအနီးမှာ ဇူလိုင်လ ၆ ရက်နေ့က အရပ်သားနှစ်ဦးဟာ အာဏာသိမ်းစစ်တပ်ထောင်ထားခဲ့မြေမြှုပ်မိုင်းကို ကျေးရွာကိုပြန်လာရာမှ မတော်တဆနင်းမိခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုပေါက်ကွဲခဲ့တာကြောင့် နိုကလော်ကျေးရွာမှ အသက်ဆယ့်ရှစ်နှစ်အရွယ် စောစေးအေးနဲ့ အသက်နှစ်ဆယ်ခုနှစ်နှစ်အရွယ် စောထိဆဲတို့ သေဆုံးသွားတယ်လို့ဆိုပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် စောစေးအေးမှာ အခင်းဖြစ်ပွားရာနေရာသေဆုံးခဲ့ပြီး စောထိဆဲမှာဒဏ်ရာများလို့ ဆေးရုံကိုပို့ဆောင်ကုသနေချိန် သေဆုံးခဲ့တာလို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေဟာ စစ်ရေးလှုပ်ရှားမှုမရှိတဲ့ အရပ်သားတွေရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေကို ဆက်လက်ခြိမ်းခြောက်နေပြီး အရပ်သားပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ဆိုးရွားစွာထိခိုက်နေပါတယ်။










