Border News Agency
ဒါကာ၊ ဇူလိုင် ၁၀။
ရခိုင်ဒေသရေရှည်တည်တံ့မယ့် ဖြေရှင်းမှုကိုရှာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တာရက်ရာမန်က ဇူလိုင်လ ၈ ရက်နေ့ဆိုပါတယ်။
ပါလီမာန်ဥက္ကဌဟာဖဇ်အူဒင်အာမက်နဲ့ အမေးအဖြေမှာ ဆီရဂျ်ဂန် အမှတ် ၁ နယ်မြေက ပါလီမန်အမတ်အမ်ဒီဆီလမ်ရီဇာ (MP Md. Selim Reza) မေးခွန်းနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ရာမန်ကပြောတာပါ။
ဘင်္ဂလားဒေ့ရှ်ဟာ ၁၉၇၈ ခုနှစ် သမ္မတဇီရာရ်ရာမန် လက်ထက်မှာတကြိမ်၊ ၁၉၉၂ ခုနှစ်၊ ဝန်ကြီးချုပ် ဘီဂမ်ကာလီဒါ လက်ထက်မှာတကြိမ် ရိုဟင်ဂျာအကျပ်အတည်းကို သံတမန်နည်းလမ်းကတဆင့် အောင်အောင်မြင်မြင်ဖြေရှင်းနိုင်တဲ့ အတွေ့အကြုံရှိတယ်လို့လည်းဆိုပါတယ်။
ရိုဟင်ဂျာနေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်ဘက်စုံချဉ်းကပ် အဖြေရှာမယ်
Border News Agency
ဒါကာ၊ ဇူလိုင် ၁၀။
ရခိုင်ဒေသရေရှည်တည်တံ့မယ့် ဖြေရှင်းမှုကိုရှာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တာရက်ရာမန်က ဇူလိုင်လ ၈ ရက်နေ့ဆိုပါတယ်။
ပါလီမာန်ဥက္ကဌဟာဖဇ်အူဒင်အာမက်နဲ့ အမေးအဖြေမှာ ဆီရဂျ်ဂန် အမှတ် ၁ နယ်မြေက ပါလီမန်အမတ်အမ်ဒီဆီလမ်ရီဇာ (MP Md. Selim Reza) မေးခွန်းနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ရာမန်ကပြောတာပါ။
ဘင်္ဂလားဒေ့ရှ်ဟာ ၁၉၇၈ ခုနှစ် သမ္မတဇီရာရ်ရာမန် လက်ထက်မှာတကြိမ်၊ ၁၉၉၂ ခုနှစ်၊ ဝန်ကြီးချုပ် ဘီဂမ်ကာလီဒါ လက်ထက်မှာတကြိမ် ရိုဟင်ဂျာအကျပ်အတည်းကို သံတမန်နည်းလမ်းကတဆင့် အောင်အောင်မြင်မြင်ဖြေရှင်းနိုင်တဲ့ အတွေ့အကြုံရှိတယ်လို့လည်းဆိုပါတယ်။
ရိုဟင်ဂျာတွေကို တတိယနိုင်ငံတွေမှာနေရာချထားနေစဉ် ရိုဟင်ဂျာသရုပ်လက္ခဏာအပေါ် အသိအမှတ်ပြုမှုဟာလည်း ပြန်လက်ခံရေးအတွက် အရေးကြီးတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲက အကြမ်းဖက်မှုတွေ
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲမှာ အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတာနဲ့ပတ်သက်လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာဖြစ်နေတဲ့ မလုံခြုံမှုတွေ၊ လူသားချင်းစာနာမှု အကျပ်အတည်းတွေနဲ့ပတ်သက်လို့ “အတင်းအကျပ်ရွေ့ပြောင်းခံ မြန်မာနိုင်ငံသားတွေအပေါ် တရားဥပဒေစိုးမိုးရေး၊ စီမံခန့်ခွဲရေးနဲ့ ညှိနှိုင်းရေးဆိုင်ရာနိုင်ငံအဆင့်ကော်မတီကို ဖွဲ့စည်းထားပြီး ပြည်ထဲရေးဝန်ကြီးဦးဆောင်နေတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာနေရပ်ပြန်ရေးဟာ ရှုပ်ထွေးပြီးအမှားမခံနိုင်သလို နိုင်ငံတကာရဲ့ ရှုဒေါင့်ပေါင်းစုံအောက်မှာ ရှိနေပါတယ်။
နေရပ်ပြန်ရေးဟာ ရခိုင်ဒေသလုံခြုံရေးအပေါ်အများကြီးမူတည်နေပြီး နိုင်ငံတကာဖိအားတွေဟာလည်း မြန်မာအာဏာပိုင်တွေ၊ ပဋိပက္ခထဲ ပါဝင်နေသူတွေအပေါ် ဆက်ရှိနေဖို့လိုတယ်လို့လည်း သူကဆိုပါတယ်။
ရခိုင်ဒေသငြိမ်းချမ်းရေးအပေါ် BNP အစိုးရအမြင်
ဝန်ကြီးချုပ်ပြောတာမှာ ရိုဟင်ဂျာအရေးဟာ ရခိုင်ဒေသငြိမ်းချမ်းရေးနဲ့ဆက်စပ်နေတာမို့ ရခိုင်ဒေသနဲ့ဆက်စပ်လို့လည်းပြောပါတယ်။
ရခိုင်ဒေသငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖို့အတွက် မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်ကြား တွေ့ဆုံဆွေးနွေးဖို့လိုပြီး ဘင်္ဂလားဒေ့ရှ်က သက်ဆိုင်ရာနိုင်ငံအားလုံးနဲ့ဆွေးနွေးမှုအခိုင်အမာရှိပါတယ်။
BNP အစိုးရဟာ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့အတွက် သံတမန်မျက်နှာစာမှာ နှစ်ဦးနှစ်ဖက်ဆွေးနွေးတာ၊ ဒေသဆိုင်ရာအဆင့်ဆွေးနွေးတာနဲ့မျက်နှာစာပေါင်းစုံကနေဆွေးနွေးတာတွေဆက်ရှိနေတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
ကိုးကား…
https://www.bnpbd.org/all-news/6a4e3f39007900e0753da0fb?hl=en-GB