Border News Agency
မြောက်ဦး၊ ဇူလိုင် ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်မှာ နှစ်ဆယ်ခြောက်ရွာနဲ့ ဆယ့်တရပ်ကွက်ရေမြှုပ်နေပါတယ်။
အဲဒီမြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်၊ ကျီရာပြင်၊ ကန်စောက်၊ သပြီကန်၊ တိန်ညို၊ ဝက်လှ၊ ဝေသာလီ၊ စေတီတောင်ရွာဟောင်း၊ စေတီတောင်ရွာသစ်၊ ပေါင်းတုတ်၊ လောင်းကြက်၊ ဆင်အိုးကြီး၊ ဆင်အိုးချေ၊ ပိုးဖြူကျွန်း၊ ပီပင်ရင်း၊ မြောင်းဘွေ၊ တန်းပျံကြီး၊ ကျွဲတဲ၊ ကိုင်းတော၊ပုရိန်ကုန်း၊ ဂါရာတောင်၊ နန်းကျား၊ မြောင်းဘွေချေ၊ ပေါက်တောပြင်၊ စေတီတောင်၊ ကင်းဆိပ်ဖြစ်ပါတယ်။
အဲဒီအပြင် မြောက်ဦးမြို့၊ အလယ်စျေး၊ ဝသဲ၊ ဝမ်းတီး၊ ဆင်ချဆိပ်၊ ငခြောက်စျေး၊ ပြင်စျေး၊ အောင်တပ်၊ မြို့သစ်၊ မဟီဂျီ၊ အောင်မင်္ဂလာ၊ ဗန္ဓုလရပ်ကွက်လည်း ရေမြှုပ်နေပါတယ်။
အဲဒီမြောက်ဦးမြို့ပေါ်ရပ်ကွက်တချို့မှာ သုံးပေမှ လေးပေထိရေတက်နေပြီး ကျေးရွာတချို့မှာငါးပေခန့်ထိရေတက်နေတာပါ။
မိုးအဆက်မပြတ်ဆက်ရွာနေတာမို့ ပြည်သူတွေအထူးသတိထားဖို့လိုအပ်ပြီး အန္တရာယ်ရှိတဲ့နေရာတွေမှာမနေကြဖို့ တာဝန်ရှိသူတွေအသိပေးထားပါတယ်။


















