Border News Agency
ကျောက်ဖြူ၊ ဇန်နဝါရီ ၂၄။
ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်နှစ်ဦးသေဆုံးပြီး လသားအရွယ်ကလေးတဦးအပါအဝင် ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ကထုတ်ပြန်ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ မူရွင်းရွာကို ဇန်နဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည် ၁ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ် ဒရုန်းနဲ့ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နှစ်ဦးသေဆုံးပြီး လသားအရွယ်ကလေးတဦးအပါအဝင် ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီ အသက်ရှစ်ဆယ်တနှစ်အရွယ် ဒေါ်ဖြူနုမ၊ အသက်ငါးဆယ်ခြောက်နှစ်အရွယ် ဦးမှဲ့ဒေါင်းတို့သေဆုံးခဲ့ပါတယ်။
အဲဒီအပြင် စိုင်ခြုံဒွိန်ရွာမှ အသက်ကိုးလအရွယ်မောင်အေးမင်းခိုင်၊ အသက် သုံးဆယ်လေးနှစ်အရွယ် ဒေါ်ခင်ဆန်းဝင်း၊ သိုင်းချောင်းရွာမှ အသက်ငါးဆယ်ခြောက်နှစ်အရွယ် ဒေါ်မမြရင်၊ ဇိုင်ချောင်းရွာမှ အသက်ခြောက်ဆယ်ခုနှစ်နှစ်အရွယ် ဒေါ်ဘနုမ၊ အသက်ခြောက်ဆယ်သုံးနှစ်အရွယ် ဦးမောင်ကျော်တို့ ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမူရွင်းရွာရှိ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လည် ၁၂ နာရီ ၅၆ မိနစ်အချိန်က စစ်ကော်မရှင်တပ်က အသေခံဒရုန်းနဲ့ ရွယ်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။















