ဂမ်ဘီယာတင်ပြချက်ထဲမှ ULA/AA ပုံရိပ်
ARSA အပေါ် ဂမ်ဘီယာမြင်မှု မည်သို့ရှိသည်ကို ဖော်ပြပြီးနောက် ULA/AA အ ပေါ် ဂမ်ဘီယာမြင်မှုမည်သို့ရှိသနည်းဟုမေးစရာရှိလာသည်။
၂၀၂၆ ခုနှစ်၊ဇန်နဝါရီလကြားနာပွဲတွင် ဂမ်ဘီယာမှULA/AA အပေါ် မြင်မှုသ ဘောထားတွင် ယခင်ကထက် ပိုမိုမြင်သာသောကောက်ချက်များကို တွေ့လာရသည်။
၁။”သွေးခွဲခံရမှု၏သားကောင်” လော၊ “စောင့်ရှောက်သူ” လော။
ရိုဟင်ဂျာဂျီနိုဆိုက်အမှုအခင်းတွင် ဂမ်ဘီယာအမြင်မှာ ULA/AAသည်”ဂျီနိုဆို က်အားကျူးလွန်သူ”၊”ရန်သူ”ဟု သတ် မှတ်ထားခြင်း”မရှိပေ”။
သို့သော် ULA/AA သည် မြန်မာစစ်တပ်က ရခိုင်နှင့်ရိုဟင်ဂျာကြားဗျူဟာမြော က်”အမုန်းတရားဖန်တီးမှုစက်ကွင်းအ တွင်း”အသုံးချခံနေရသောအဖွဲ့အစည်းအဖြစ်မြင်ထားသည်။
မြန်မာစစ်တပ်က “ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်သားစုဆောင်းပြီး ULA/AA ကို ရင်ဆိုင်ထားလိုက်ကာနိုင်ငံရေးထောင်ချောက်ဆင်ထားခြင်းဖြင့်” ရိုဟင်ဂျာနှင့် ULA/AA ကြားတွင် ပဋိပက္ခ” ပိုမိုပြင်းထန်လာသည်။
ULA/AAက ရိုဟင်ဂျာများအား “ရန်သူ” ဟုမြင်လာအောင်အကွက်ချထားသ ည်။
ထိုအကွက်ထဲတွင် ULA/AA သည်လ ည်း မကျော်လွှားနိုင်ဘဲရှိနေသည်ဟု ဂမ်ဘီယာမြင်သည်။
၂။”ထိရောက်သောထိန်းချုပ်သူ” (De Facto Authority)
ဂမ်ဘီယာမှ AA သည် ရခိုင်နယ်မြေအ များစုကို လက်တွေ့စိုးမိုးထားသည့်အဖွဲ့အစည်းဖြစ်သည်ကို လက်ခံထားသည်။
ထိုသို့လက်ခံထားခြင်းကြောင့် ULA/AA
ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ရိုဟင်ဂျာများအပေါ် အကာအကွယ်ပေးရန်၊ စောင့်ရှောက်ရန်တာဝန် (Responsibility to Protect) ရှိသော သူအဖြစ်မြင်လာသည်။
နိုင်ငံတကာဥပဒေအရနယ်မြေစိုးမိုးထားသူသည် မိမိစိုးမိုးရာနယ်မြေထဲတွင် လူနည်းစုများအပေါ် မျိုးတုံးသတ် ဖြတ်မှုဘေးမှ ကာကွယ်ပေးရမည်ဟူ သောအချက်ကို ULA/AAလိုက်နာလာနိုင်ကောင်းလိုက်နာလာနိုင်မည်ကို ဂမ်ဘီယာမျှော်လင့်ချက်ထားလိုပုံရသည်။
၃။ မျက်စိအောက်တွင်ထားခြင်း။
ဂမ်ဘီယာမှ ဘူးသီးတောင်၊မောင်တော တိုက်ပွဲများအတွင်း ရိုဟင်ဂျာများအား ထိခိုက်နစ်နာစေသော ULA/AAလုပ်ရပ်အချို့အပေါ် စိုးရိမ်မှုရှိကြောင်းလည်း ICJ တရားခွင်မှတဆင့် သတင်းစကားပါးလိုပုံရသည်။
ဂမ်ဘီယာအနေဖြင့် ULA/AA အပေါ် မျှော်လင့်ချက်ထားသလို လက်ရှိအနေ အထားတွင်”စောင့်ကြည့်စစ်ဆေးရမည့် အဖွဲ့အဖြစ်”လည်း သဘောထားပုံရသည်။
ULA/AA အား မျိုးတုံးသတ်ဖြတ်မှုမြောက်သောလုပ်ရပ်များကို မကျူးလွန်မိရန် သတိပေးလိုသော သဘောထားမျိုးဂမ်ဘီယာတွင်ရှိပုံရသည်။
ULA/AA ကြောင့် ရိုဟင်ဂျာများ ဆိုးဝါးစွာထိခိုက်နစ်နာရသည့် ဖြစ်ရပ်များပေါ်ပေါက်လာပါက ထိုအချက်အလက်များကို တရားရုံးမှာသက်သေအဖြစ်တင်ပြသွားမည်ဆိုသောသဘောထားရှိပုံရသည်။
သို့ဖြစ်၍ ULA/AA အပေါ် မျှော်လင့်ချက်ထားသည်။
ပြီးလျှင် မိမိတို့မှ ULA/AA အား အမြဲတန်းအသေးစိတ်စောင့်ကြည့်နေ ကြော င်းကိုအချက်ပြလိုပုံရသည်။
“မြန်မာစစ်တပ်က ရိုဟင်ဂျာလက်နက် ကိုင်များ၊ရိုဟင်ဂျာစစ်မှုထမ်းများ စသည့်ဗျူဟာများဖြင့် မည်သို့ပင်ရန်တိုက်သည်ဖြစ်စေ၊အသုံးချသည်ဖြစ်စေ၊ ထိုအချက်များကို အကြောင်းပြ၍ ULA/AA အနေဖြင့် ရိုဟင်ဂျာအရပ်သားများကို သတ်ဖြတ်သော” စစ်တပ်မဟာဗျူ ဟာ၏အသုံးချခံကိရိယာ”အဖြစ် ဂမ်ဘီယာက လက်ခံမည်မဟုတ်ပေ။
ထိုအချက်နှင့်ပတ်သက်၍ဂမ်ဘီယာမှတင်သွင်းသောသက်သေမှာ ၂၀၂၄ ခုနှစ်အတွင်း ဘူးသီးတောင်၊မောင်တော ဖြစ်စဉ်များ ဖြစ်သည်။
ထိုဖြစ်စဉ်များကို ကြည့်ပါက…
မြန်မာစစ်တပ်သည် ရိုဟင်ဂျာများကို စစ်မှုထမ်းအဖြစ်အသုံးချလာသည်။လ က်နက်တပ်ဆင်ပေးလာသည်။၂၀၂၄ ခုနှစ်၊မေလအလယ်ပိုင်းတွင် ဘူးသီးတောင်မြို့အား သိမ်းပိုက်ရန် AA တိုက်ခိုက်သည်နှင့် မြို့ပေါ်ရှိ နေအိမ်တွေ မီး ရှို့ခံရမှုများ၊အရပ်သားသေဆုံးမှုများ ရှိလာခဲ့သည်။
မီးရှို့မှုတွင် ပထမအစပိုင်း၌ မြန်မာစစ် တပ်မှရိုဟင်ဂျာများကို (ရိုဟင်ဂျာမူဆ လင်မဟုတ်သူများ၏ အိမ်များအား) မီးရှို့ရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။
AA ထိုးစစ်ပြင်းထန်လာပြီး ဘူးသီးတောင်မြို့အား ဝင်စီးလာနိုင်၍ မြန်မာစစ်တပ်နောက်ဆုတ်ရသည်နှင့်ရိုဟင်ဂျာနေအိမ်များမီးရှို့ခံလာရတော့သည်။
ထိုသို့စပ်ကူးမတ်ကူးတိုက်ပွဲ အဆုံးအ ဖြတ်ကာလတွင် တန်ပြန်မီးရှို့မှုများ၊ရိုဟင်ဂျာအရပ်သားများ သေဆုံးမှုများနှင့်ပတ်သက်၍နိုင်ငံတကာလူ့အခွင့်အ ရေးအဖွဲ့များ၊ရိုဟင်ဂျာတက်ကြွလှုပ် ရှားသူများက AA မှ ရိုဟင်ဂျာများကိုလက်စားချေ ပစ်မှတ်ထားတိုက်ခိုက် သည်ဟု စွပ်စွဲချက်များရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၅ ရက်နေ့ဝန်း ကျင်တွင် မောင်တောမြို့မှဘေးလွှတ်ရာထွက်ပြေးရန် ကြိုးစားနေသော ရိုဟင်ဂျာထောင်ပေါင်းများစွာကို ဒရုန်းများဖြင့် နတ်မြစ်ကမ်းနား တိုက်ခိုက်မှုက အကြီးမားဆုံးအငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့သည်။
ထိုတိုက်ခိုက်မှုတွင်လူပေါင်းရာချီသေ ဆုံးခဲ့ကြောင်းသတင်းတွေ ထွက်ပေါ်ခဲ့သည်။
ထိုကိစ္စများနှင့်ပတ်သက်၍နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (H RW)နှင့်ကုလသမဂ္ဂတာဝန်ရှိသူတချို့က AA၏လုပ်ရပ်များသည် လူမျိုးစုလိုက်သုတ်သင်မှု(Ethnic Cleansing) နီးပါးဖြစ်နေသည်ဟု သတိပေးမှတ်ချ က်ပြုခဲ့ကြသည်။
AAမှထိုစွပ်စွဲချက်များကို ငြင်းဆန်ခဲ့သ ည်။AAက ၎င်းတို့အနေဖြင့် အရပ်သားများကို ပစ်မှတ်မထားကြောင်း၊သေ ဆုံးမှုများမှာ စစ်ကောင်စီ၏လက်နက် ကြီးပစ်ခတ်မှုတွေကြောင့်သာဖြစ် ကြောင်း၊ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ (ARSA, RSO)က စစ်ကောင်စီနှင့်ပူးပေါ င်းပြီးတိုက်ပွဲဝင်နေတာကြောင့် အရပ် သားများမှာ ကြားညှပ်ရကြောင်းဆိုသ ည်။
စစ်ကောင်စီက ရိုဟင်ဂျာများအား အ တင်းအဓမ္မစစ်မှုထမ်းခိုင်းပြီး AA ကို ပြန်တိုက်ခိုက်ခိုင်းမှုက လူမျိုးစုနှစ်စုကြားတင်းမာမှုပိုမိုမြင့်တက်စေခဲ့သည်ဟုလေ့လာစောင့်ကြည့်သူများက သုံး သပ်ကြသည်။
ဂမ်ဘီယာမှသက်သေအဖြစ်တင်သွင်းသောအချက်များမှာ ၂၀၂၄ ခုနှစ်၊မေ လမှဩဂုတ်လအတွင်း ဘူးသီးတောင်၊ မောင်တောဒေသကို AA ထိုးစစ်ဆင်သိ မ်းပိုက်ချိန်၌ဖြစ်ပေါ်ခဲ့သောအရပ်သား သေဆုံးမှုအပေါ် အခြေခံထားခြင်းဖြစ် သည်။
ထိုဖြစ်ရပ်များနှင့်ပတ်သက်၍နိုင်ငံတ ကာလူ့အခွင့်အရေးအဖွဲ့အစည်းများမှ အစီရင်ခံစာများထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာများတွင်ပါရှိသောယေ ဘူယျအချက်များမှာ…
ရိုဟင်ဂျာများကို မြန်မာစစ်တပ်သည် AA အားတိုက်ခိုက်ရန်နှင့်လူမျိုးရေးပဋိ ပက္ခများဖြစ်လာရန် အသုံးချခဲ့သည်။
AA၏တိုက်ခိုက်စစ်ဆင်ရေးတွင် ARS Aနှင့်မြန်မာစစ်တပ်ကို ဦးတည်သော်လ ည်း အရပ်သားရိုဟင်ဂျာများအပေါ်ထိ ခိုက်မှုပမာဏတစုံတရာရှိခဲ့သည်။
AAမှတာဝန်ခံမှုနှင့်နိုင်ငံတကာစံနှုန်းများကို လိုက်နာရန်လိုအပ်သည်စသော အချက်များက ယေဘူယျအားဖြင့် တူညီကြသည်။
နတ်မြစ်ကမ်းဘေးကိစ္စနှင့် ULA/AA ရင်ဆိုင်ရမည့် “Constant Care” (အမြဲမပြတ်ဂရုစိုက်မှု)စံနှုန်း
၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၅ ရက်နေ့ နတ်မြစ်ကမ်းဘေးတွင် ဖြစ်ပွားခဲ့သောအ ခြေအနေများနှင့်ပတ်သက်၍ Fortify Rights၏ International Criminal Court: Investigate Arakan Army Massacre of Rohingya Civilians, Hold Perpetrators Accountable အစီရင်ခံစာတွင် စာပိုဒ်ငယ်တခုပါရှိသည်။
ထိုစာပိုဒ်၏ အဓိပ္ပါယ်မှာ…
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ နတ်မြစ်ကမ်းဘေးဖြစ်စဉ်တွင်…
“အချို့သော မျက်မြင်သက်သေရိုဟင်ဂျာများအဆိုအရ RSO အဖွဲ့ဝင်များသည်ရိုဟင်ဂျာအရပ်သားများထဲတွင် ရောနှောကာ နတ်မြစ်ဘေးကို ထွက်ပြေးလာခဲ့သည်။
Fortify Roghts ၏ လူသားချင်းစာနာမှုဆိုင်ရာအကြီးတန်းအရာရှိ၏အင်တာ ဗျူးများအရ”RSO တာဝန်ရှိသူများသ ည် ဩဂုတ်လ ၅ ရက်နေ့ညနေခင်းတွင် နတ်မြစ်အား လှေဖြင့် ဖြတ်ကျော်ပြေးကာ ဘင်္ဂလားဒေ့ရှ်ထဲဝင်ရောက်သွားကြ”သည်ကို သိရှိရသည်။
“မည်သို့ပင်ဖြစ်နေစေကာမူ” နတ်မြစ် ကမ်းဘေးရှိ ထိုအခြေအနေ၊ထိုအနေ အထားမျိုးတွင် “ရှိနေကြသူအများစုမှာ – အကြမ်းဖက်မှုများကို ကြောက်လန့်စွာ ရင်ဆိုင်ခဲ့ရသောဘေးလွတ်ရာကိုထွက် ပြေးရန်ကြိုးစားနေသောအရပ်သားရိုဟင်ဂျာများသာအများစုဖြစ်နေသည်။” သိသာထင်ရှားသောအထောက်အထားတခုမှာ AA သည် နတ်မြစ်ကမ်းဘေးသို့ ပထမအကြိမ်ကင်းထောက်ဒရုန်းကို လွှတ်ခဲ့သည်။
ကလေးသူငယ်နှင့်သက်ကြီးရွယ်အိုများပါဝင်နေသောအရပ်သားလူအုပ် (Civillian Crowd)ဖြစ်မှန်းသိရှိခဲ့သော်လည်း တိုက်ခိုက်မှုကိုရည်ရွယ်ချက်ရှိစွာပြုလုပ်ခဲ့သည်ဟုဖော်ပြထားသည်။
နိုင်ငံတကာစံနှုန်းအရ “မည်သို့ပင်အခြေအနေအချိန်အခါမျိုးပင်ဖြစ်စေ စစ်ဆင်ရေး၊ တိုက်ခိုက်ရေးတရပ်ဖော်ဆောင်မည်ဆိုပါက အရပ်သားများမထိခိုက်စေရန် အစီအမံများပါကိုပါရှိရမည်ဖြစ်သည်”။
၁၉၄၉ခုနှစ်၊ဂျနီဗာကွန်ဗင်းရှင်းနောက် ဆက်တွဲအခြေပြစာချုပ်နံပါတ် ၁ (Additional Protocol- 1)၏ အပိုဒ် ၅၇ (Article 57 of Protocol I)တွင် ပါရှိသည့်မှာ…
၁။ Article 57(2)(a)(i) – ( ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာအခြေခံမူ (Principle of Distinction))
ဤအပိုဒ်အရ “တိုက်ခိုက်မည့်သူသည် မိမိတိုက်ခိုက်မည့်ပစ်မှတ်သည်အရပ် သားမဟုတ်ကြောင်း၊ အရပ်သားပိုင်ပစ္စ ည်းမဟုတ်ကြောင်းနှင့်စစ်ဘက်ဆိုင်ရာ ပစ်မှတ်အစစ်အမှန်ဖြစ်ကြောင်းသေ ချာရန်အစွမ်းကုန်(Do everything feasible)စစ်ဆေးရမည်”ဟု ဖော်ပြထားသည်။
မစစ်ဆေးပါက ပြစ်မှုမြောက်သည်။တိုက်ခိုက်သူများအနေဖြင့် “တိုက်ခိုက်ရေးသမား” နှင့် “အရပ်သား” ကို ပြတ်ပြတ်သားသားခွဲခြားရမည်ဖြစ်ပြီး တိုက်ခိုက်မှုများကိုစစ်ဘက်ဆိုင်ရာပစ်မှတ်များကိုသာ ဦးတည်ရမည်ဖြစ်သည်။အရပ် သားများ သို့မဟုတ် အရပ်သားပိုင် ပစ္စည်းများကို တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုဖြစ်သည်။
၂။ Article 57(2)(a)(iii)- ( အချိုးအစား ညီညွတ်ခြင်းဆိုင်ရာအခြေခံမူ (Principle of Proportionality))
ဤအပိုဒ်၏အဓိပ္ပါယ်မှာ”ရန်သူတယော က်ကို သတ်ရန်အတွက် အရပ်သားရာချီရှိနေသောနေရာအပေါ် ဗုံးကြဲခြင်းမျိုးကို တားမြစ်ထားခြင်း”ဖြစ်သည်။ “တိုက်ခိုက်မှုကြောင့် ဖြစ်လာသောအရ ပ်သားထိခိုက်မှုမှာတိုက်ရိုက်စစ်ရေးအ မြတ်ထက်များနေပါက တိုက်ခိုက်မှုကို မလုပ်ဘဲရှောင်ကြဉ်ရမည်။”ဟု အဆိုပါ အပိုဒ်တွင် အတိအလင်းပါရှိသည်။
၃။ Article 57 တခုလုံး- (ကြိုတင်ကာကွယ်မှုဆိုင်ရာအခြေခံမူ (Principle of Precaution))
ဂျီနီဗာကွန်ဗင့်ရှင်း နောက်ဆက်တွဲပရိုတိုကော် နံပါတ် ၁ ၏ အပိုဒ် ၅၇ တခုလုံးသည် မဖြစ်မနေလိုက်နာရမည့်လုံးဝချိုးဖောက်ခွင့်မရှိသော”Constant Care” ဖြစ်သည်။
ထို”Constant Care”မူတွင်…
တိုက်ခိုက်ရေးနည်းလမ်းဗျူဟာရွေး ချယ်မှု:အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်မည့်လက်နက်၊ နည်းဗျူဟာကို ရွေး ချယ်ရမည်ဖြစ်သည်။
သတိပေးချက်:အရပ်သားများ ထိခိုက်နိုင်ချေရှိနေပါက(ဖြစ်နိုင်လျှင်)ကြို တင်ထိရောက်သောသတိပေးချက် (Effective Advance Warning) ပေးရမည်ဖြစ်သည်။
ရပ်ဆိုင်းခြင်း:တိုက်ခိုက်နေတုန်းတွင် ပစ်မှတ်သည် အရပ်သားဖြစ်နေကြော င်းသိလိုက်ရလျှင်၊ထိခိုက်မှုအချိုးအ စားမမျှတဟု မြင်လျှင် တိုက်ခိုက္မှုအား ချက်ချင်း ရပ်ရမည် သို့မဟုတ် ဆိုင်းငံ့ရမည် ဖြစ်သည်။
ဂျီနီဗာကွန်ဗင့်ရှင်း နောက်ဆက်တွဲ ပရိုတိုကော် နံပါတ် ၁၏ အပိုဒ် ၅၇ (Article 57 of Protocol -1)သည် IHL စာအုပ်ထဲက စာသားအဖြစ် မဟုတ်ပေ။
“စစ်မြေပြင်တွင်တပ်မှူးများအမှန်တကယ်လုပ်ဆောင်ရမည့် “Checklist” ဖြစ်သည်။
သို့ဖြစ်၍ “Constant Care” စံနှုန်းဖြစ်ပြီး “လိုက်နာရန် ကြိုးပမ်းအားထုတ်မှု (Due Diligence)ရှိရမည်”ဆိုသောအဓိပ္ပာယ်ပြဋ္ဌာန်းချက်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့ နတ်မြစ်ကမ်းဖြစ်စဉ်ကို အဆိုပါ (Article 57 of Protocol – 1)ဖြင့် တိုင်းတာမည်ဖြစ် သည်။ (AA သို့မဟုတ် စစ်ကောင်စီ သို့မဟုတ် ရိုဟင်ဂျာလက်နက်ကိုင်)သည်အရပ်သားများကို မထိခိုက်ရန်ဖြစ်နိုင်သမျှနည်းလမ်းအားလုံး(Everything Feasible)သုံးပြီး ကာကွယ်ခဲ့သလား” ဆိုသောအချက်ဖြင့်တိုင်းတာလာမည် ဖြစ်သည်။
ဤသို့ဆိုလျှင် ရိုဟင်ဂျာလက်နက်ကိုင်များလည်းအပြစ်မဲ့ရိုဟင်ဂျာအရပ် သားလူအုပ်ကို အကာအကွယ်ယူ၍ နေ သည်မှာကော အပစ်မဟုတ်လား။
အဘယ်ကြောင့် နတ်မြစ်ကမ်းဖြစ်စဉ်တွင် AA ကိုသာ ပို၍ ဦးတည်နေရသနည်းဟု မေးစရာရှိလာသည်။
အဖြေမှာ ရိုဟင်ဂျာလက်နက်ကိုင်များ အရပ်သားများကို အကာအကွယ်ယူထွက်ပြေးခြင်းသည်လည်း ဤပြဋ္ဌာန်းချက်ကို ချိုးဖောက်ရာ ရောက်သည်။
AA ကို ဦးတည်သလို ဖြစ်နေခြင်းမှာ လောလောဆယ်နယ်မြေကိုထိန်းချုပ်ထားနိုင်သူမှာ AA ဖြစ်နေသောကြောင့် ဖြစ်သည်။
ဥပဒေကြောင်းအရ “ဖြစ်နိုင်သမျှ နည်းလမ်း” (Feasible Precautions) ဆိုသော စကားရပ်၏ အဓိပ္ပာယ်…
“ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး ”
(Feasible Precautions) စကားရပ်သည် နိုင်ငံတကာဥပဒေတွင် အလွန်အရေးကြီးသလောက် အငြင်းပွားစရာလည်းဖြစ်သည်။”Feasible” (ဖြစ်နိုင် ခြေရှိမှု)ဆိုခြင်းမှာ စစ်မြေပြင်၏လက် တွေ့ကျသောအခြေအနေများကို ထည့် သွင်းစဉ်းစားခိုင်းမှုလည်းဖြစ်သည်။
“Feasible Precautions” တွင် အောက်ပါ အချက်များပါဝင်ပါသည်။
၁။ ရရှိနိုင်သောသတင်းအချက်အလက် (Information available)
တိုက်ခိုက်မှုမပြုမီ ပစ်မှတ်နှင့်ပတ်သ က်၍ မိမိရရှိသောသတင်းအချက်အ လက်မှာ မည်မျှထိတိကျသနည်းဆိုသည့်ဆန်းစစ်မှုဖြစ်သည်။
ဥပမာ: ဘူးသီးတောင်ရှိအဆောက်အ ဦးတခုအား တိုက်ခိုက်မည်ဆိုပါကရိုဟ င်ဂျာအရပ်သားများ ခိုလှုံနေသလား၊ စစ်ကောင်စီတပ်သားများသာရှိနေသ လားဆိုသည်ကို ဒရုန်းဖြင့်ဖြစ်စေ၊မြေ ပြင်သတင်းပေးအရဖြစ်စေ၊အခြားန ည်းလမ်းတခုခုအရဖြစ်စေ သေချာရန် အစွမ်းကုန် စုံစမ်းရမည်ဖြစ်သည်။
“ငါတို့လည်း သေချာမသိဘူး။ ရမ်းပစ်လိုက်တာ” ဆိုသည်မျိုးက Feasible Precaution စံကို ချိုးဖောက်ခြင်းဖြစ်သည်။
၂။ လက်နက်နှင့်နည်းပညာရွေးချယ်မှု (Choice of Weapons)
မိမိတွင်ရှိသော လက်နက်များထဲမှ အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် လက်နက်ကို ရွေးချယ်သုံးစွဲရမည်ဖြစ် သည်။
ဥပမာ:လူနေထူထပ်သောရပ်ကွက်တွင်ရန်သူအနည်းငယ်ကို ရှင်းလင်းရန်အတွ က်တိကျမှုမရှိဘဲလက်နက်ကြီး (Artillery)ဖြင့် ပစ်မည့်အစားတိကျ သော လက်နက်ငယ်များကိုသာ သုံးရမည်ဖြစ်သည်။
သို့မဟုတ် ပစ်မှတ်ကိုသာ ကွက်ပြီး ထိစေမည့် နည်းလမ်းကို သုံးရမည်ဖြစ်သည်။
၃။ စစ်ရေးဆိုင်ရာလက်တွေ့အခြေအနေ (Military Practicality)
ဤအချက်ကရှုပ်ထွေးသည်။
စစ်မြေပြင်တွင် “တကယ်ဖြစ်နိုင်” မှုကို ဆန်းစစ်ရခြင်းဖြစ်သည်။
ရန်သူက ကိုယ့်ကို ပြန်ပစ်နေသည့်ကြားထဲမှအရပ်သားကို ကာကွယ်ရန်ကြိုး စားရသော ကိစ္စမျိုးဖြစ်သည်။
သို့ရာတွင် “စစ်ပွဲဖြစ်နေ၍ မတတ်နိုင်ပါဘူး” ဆိုသော ဆင်ခြေကို နိုင်ငံတကာ ဥပဒေအရဖြစ်စေ။ပြည်တွင်းစစ်ဘက်စံနှုန်းအရဖြစ်စေ။အမြဲတမ်းအကာအ ကွယ်မပေးမည်မဟုတ်ပေ။
“မိမိဘက်က စစ်သားများ အထိအခိုက်မရှိစေရန်” ဆိုသောအချက်ထက် “အရပ်သားများအသက်မသေစေရန်” ဆိုသော အချက်က ဦးစားပေးရမည့်အချက်ဖြစ်သည်ဟု IHL သတ်မှတ်ထားသည်။
၂၀၂၄ ခုနှစ်၊ ရခိုင်ဖြစ်စဉ်များကို သုံးသပ်ရာတွင်…။
ဘူးသီးတောင်၊မောင်တော၌ AA နှင့်စ စ်ကောင်စီကြား တိုက်ပွဲများအတွင်း အ ဆိုပါ”Feasible Precautions”စံနှုန်းများကိုလိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲချက်များ ပေါ်ထွက်လာခြင်းဖြစ်သည်။
ထိုစံနှုန်းအရ ULA/AA ရင်ဆိုင်ရမည့် နိုင်ငံတကာဥပဒေကြောင်းများမှာ…
“AA က မြို့ကို သိမ်းတော့မည် ဆိုပါက အရပ်သားများကို ကြိုတင်ထွက်ခွာနိုင်ရန် အချိန်လုံလုံလောက်လောက် ပေးခဲ့သလား။(ထွက်ပေါက်များကို ပိတ်ထားသလား။ဖွင့်ပေးထားသလား။)
ဒရုန်းဖြင့်ပစ်ခတ်သောအခါ ပစ်မှတ်သည် လက်နက်ကိုင်လား။ထွက်ပြေးနေသော အရပ်သားလားဆိုသည်ကို ခွဲခြားနိုင်သောနည်းလမ်းတခုခု သို့မဟုတ် န ည်းပညာနှင့်အချိန်အခါအခွင့်ရှိပါလျှက် မည်သည့်အတွက်ကြောင့် အရပ် သားများအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသနည်း။
စစ်ဘေးရှောင်များ စုဝေးနေသော နေ ရာများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါသလား။
ထိုစစ်ဆင်ရေးအတွင်း အရပ်သားမည်မျှသေခဲ့သနည်း။
ရန်သူမည်မျှသေခဲ့သနည်း။”စသည့် အချက်များဖြစ်သည်။
နိုင်ငံတကာစံနှုန်းအရ”အရပ်သားများ ရှိနေမှန်းသိလျှက် ဖြစ်စေ။သို့မဟုတ် သေချာအောင်မစစ်ဆေးဘဲ ဖြစ်စေ တို က်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင့်ရှင်း နောက်တက်တွဲစာချုပ် နံပါတ် ၁ ၏ Article 57 ကို ချိုးဖောက်ခြင်း”ဟု ဖွင့်ဆိုထားသည်။
လက်ရှိ ဂမ်ဘီယာမှICJ တရားခွင်တွင် တင်ပြမှုတွင် ULA/AA အား “ဂျီနိုဆိုက်အားကျူးလွန်သူ”၊”ရန်သူ”ဟု သတ်မှတ်ထားခြင်း “မရှိပေ”။
သို့သော် နိုင်ငံတကာစံနှုန်းများကို လိုက်နာလာရန် ပိုမိုမျှော်လင့်ချက်က ထားပေးနေသည်။
တခုစိတ်ဝင်စားစရာကောင်းသည်က ၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၅ ရက်နေ့ဖြစ် စဉ်များနှင့်ပတ်သက်၍နိုင်ငံတကာအ ဖွဲ့အစည်းများ၏အစီရင်ခံစာများကို UL A/AA သည် ဆတ်ဆတ်ထိမခံခွန်းတုန့်လှန် ငြင်းဆန်ခဲ့ကာ ပုံရိပ်ကိုထိခိုက်မှုရှိနေခဲ့သည်။
ထိုသို့အခြေအနေမျိုးတွင် ဂမ်ဘီယာ မှAA အပေါ်မြင်မှုမှာ ပြင်းထန်မှုမရှိ လိုက်လှဲမှုနှင့် သက်တောင့်သက်သာ ရှိနေခဲ့သည်ကို တွေ့နေရသည်။
ဤသို့ရှိနေခြင်းမှာ IIMM ၏…
“Annual Report of the Independent Investigative Mechanism for Myanmar” ခေါင်းစဉ် (အမှတ်စဉ် – A/HRC/59/XX) ဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂု တ်လဝန်းကျင်တွင် ကျင်းပသော ၅၉ ကြိမ်မြောက် လူ့အခွင့်အရေးကော င်စီ ညီလာခံအတွက် ထုတ်ပြန်ထားသော အစီရင်ခံစာပါ အချက်များကြောင့်သာ ဤသို့ခုသာခံသာ ဖြစ်သွားပုံရသည်။
ထို IIMM ၏ အစီရင်ခံစာ၏အနှစ်ချုပ်အရသက်ဆိုင်ရာအပိုဒ်(၁၈- ၂၂)တွင် IIMM အနေဖြင့်မြေပြင်ကအဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်မှုအခြေ အနေများကို ဖော်ပြထားသည်။
အထူးသဖြင့် AA အနေဖြင့် ၎င်းတို့အ ပေါ် စွပ်စွဲချက်များကို စုံစမ်းရန် IIMM အား “Access” (ဝင်ရောက်ခွင့်) ပေးရန် ကမ်းလှမ်းခဲ့ကြောင်း၊ IIMMမှ ထိုအချက်ကို အသိအမှတ်ပြုကြောင်းဖော်ပြထားသည်။
အစီရင်ခံစာ၏အပိုဒ် (၄၅- ၅၀)တွင် ရ ခိုင်ပြည်အတွင်းကျူးလွန်မှုများကို စစ် ဆေးသောအခါ AA မှပေးပို့လာသောတုံ့ပြန်ချက်များ၊၎င်းတို့ကိုယ်တိုင် စုံစ မ်းစစ်ဆေးမှုများလုပ်နေကြောင်း စသည့်အချက်များကိုလည်း ထည့်သွင်းထားသည်။
ဤအချက်အလက်များကြောင့် AA အပေါ်နိုင်ငံတကာစွပ်စွဲအပြစ်တင်မှုထက် မျှော်လင့်ချက်တစုံတရာထားခံရသောပုံရိပ်မျိုးပြန်ရှိလာပုံရသည်။
ဆက်ရန်…






