ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်မှ ကျေးရွာတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း၊ နေအိမ်နဲ့ကားတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီကျိုက်ထိုမြို့နယ် ဖိုးဝါးသိမ်ရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဝင်းကံကျေးရွာကို ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်က ၂၀၀ ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နဲ့ စက်သုံးဆီဆိုင်တဆိုင် မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး ဖားအံမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်၊ညပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်ကားသုံးစီးနဲ့နေအိမ်တလုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒူးသထူခရိုင်က အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။


















