Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

​မောင်တောအောင်ဗလဟိန္ဒူရွာမှာ နေအိမ်တွေပြန်လည်တည်ဆောက်ဖို့အကူအညီတွေလိုအပ်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်းရွှေဇားကျေးရွာအုပ်စုအတွင်းက အောင်ဗလဟိန္ဒူရွာမှာ နေအိမ်ငါးလုံး မီးရှို့ခံခဲ့ရပြီး ဟိန္ဒူအမျိုးသားငါးဦးကို စစ်ကော်မရှင်တပ်နဲ့ သူတို့စစ်သင်တန်းပေးထားတဲ့ မူဆလင်လက်နက်ကိုင်တွေသတ်ဖြတ်ခဲ့ရတယ်လို့ ရွာသားတွေကဆိုကြပါတယ်။

အဲဒီ နေအိမ်မီးရှို့ခံခဲ့ရတဲ့ မိသားစုတွေဟာလက်ရှိမှာ သူတပါးအိမ်မှာကပ်ခိုနေထိုင်နေရသလို စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာမို့ နေအိမ်ပြန်ဆောက်ဖို့အကူအညီတွေလိုအပ်နေတယ်လို့ဆိုကြပါတယ်။

“ကျွန်မတို့အိမ်မီးလောင်သွားတော့ဘာပစ္စည်းမှမယူနိုင်ခဲ့ပါဘူး။ဖုန်းတွေ၊ရွှေငွေတွေနဲ့အိမ်ထောင်စုစာရင်းပါမီးထဲပါသွားတယ်။ အိမ်မှာကလေးနှစ်ယောက်၊ ယောက္ခမနဲ့အမျိုးသားအပါအဝင်မိသားစုခုနှစ်ဦးရှိပါတယ်။ အခုသူများအိမ်မှာကပ်နေရတာအရမ်းဒုက္ခရောက်ပါတယ်။ဒီနေ့အထိ အိမ်ကိုပြန်မပြုပြင်နိုင်သေးလို့အကူအညီတွေ လိုအပ်နေပါတယ်။” လို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ မမိုးမိုးက Border News Agency ကို ပြောပါတယ်။

​မောင်တောတိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ARSA အဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေမှာ အဝတ်တထည်ကိုယ်ခုနဲ့ ထွက်ပြေးခဲ့ရတယ်လို့ဆိုကြပါတယ်။

​”ကျွန်မတို့အိမ်ဘက်ကနေ အာဆာ (ARSA) အဖွဲ့ဝင်တရာလောက်ဝင်လာကြတယ်။ နေအိမ်တွေကိုမီးရှို့တော့ကျွန်မတို့ ဘာမှမယူနိုင်ဘဲထွက်ပြေးခဲ့ရတယ်။ထမင်းတောင်မစားခဲ့ရပါဘူး။မိသားစုဝင်တွေ အကုန်လုံး အသက်လုပြီး ပြေးခဲ့ရတာပါ” လို့ မမိုးမိုးက ဆက်ပြောပါတယ်။

အဲဒီလိုနေအိမ်တွေ ဆုံးရှုံးသွားတဲ့အတွက် ဒေသခံတွေဟာ အရင်ကလို ကြက်၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ ဝင်ငွေပြတ်တောက်နေတယ်လို့ဆိုကြပါတယ်။

အဲဒီအပြင် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်ဝယ်ယူဖို့တောင် အခက်အခဲဖြစ်နေပြီး ဘယ်အဖွဲ့အစည်းဆီကမှအကူအညီ မရသေးဘူးလို့ ဆိုကြပါတယ်။

​အဲဒီအပြင် ARSA အကြမ်းဖက်အဖွဲ့နဲ့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ မီးရှို့မှုကို ခံခဲ့ရတဲ့ အောင်ဗလ (ရခိုင်) ကျေးရွာက နေအိမ်တရာ့ငါးဆယ်ကျော်မှ ဒေသခံတွေဟာ အမိုးအကာမလုံခြုံတဲ့ကြားက ဖြစ်သလို ပြန်လည်ပြုပြင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

PrevPreviousတောင်ကုတ်နဲ့သံတွဲမှာ နီပါးဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှလက်ကမ်းစာစောင်ဖြန့်ဝေ
Next​ရွေးကောက်ပွဲမှာ PR စနစ်ကြောင့် ပါတီစုံစနစ်အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြောNext
Previous Post

တောင်ကုတ်နဲ့သံတွဲမှာ နီပါးဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှလက်ကမ်းစာစောင်ဖြန့်ဝေ

Next Post

​ရွေးကောက်ပွဲမှာ PR စနစ်ကြောင့် ပါတီစုံစနစ်အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ပုဏ္ဏားကျွန်း၊စစ်တွေနဲ့ရသေ့တောင်ကို စစ်တပ်လေကြောင်းတိုက်ခိုက်

September 3, 2026
​ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်

မောင်တောသို့ ဓာတ်မြေဩဇာ မှောင်ခိုကူးသူသုံးဦးကို ဖမ်းဆီး

September 3, 2026

ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းကို စစ်တပ်လေကြောင်းတိုက်ခိုက်

September 3, 2026
​ဓာတ်ပုံ - Nepali Army

နီပေါရေဘေးပိတ်မိနေသူတွေကို နီပေါတပ်မတော် ကယ်ဆယ်ရေးဆက်လုပ်နေ

September 3, 2026

ကော့စ်ဘဇားမှာ ရိုဟင်ဂျာဒုက္ခသည်တဦးကို မူးယစ်ဆေးပြားနှစ်သောင်းနဲ့ဖမ်း

ဒဂုံမြို့သစ်မှာ ကျပ်သိန်းတထောင့်ငါးရာကျော်တန်ဖိုးရှိ စိတ်ကြွဆေးတွေဖမ်းမိ

ဘူးသီးတောင်စက်လှေနစ်မြုပ်မှုမှာ ကူညီကယ်ဆယ်ခဲ့သူတွေကို အာရက္ခအစိုးရဆုချီးမြှင့် (ဓာတ်ပုံသတင်း)

အမေရိကန်စစ်သည်ငါးထောင်ကျော်လာရောက်မှုကြောင့် ပတ္တယားမြို့ ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေစည်ကား

“အခွန်မူဝါဒဟာ အာရက္ခပြည်သူတရပ်လုံး လုံခြုံတည်ငြိမ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရယန္တရား ရေရှည်တည်တံ့ရေးတို့အတွက် အဓိကရည်ရွယ်ပါတယ်။”

​ကရင်နီတပ်ရဲ့ပထမအကြိမ် ညီလာခံကျင်းပပြုလုပ်

Releated Post

​ဓာတ်ပုံ-RAB-15

ကော့စ်ဘဇားမှာ ရိုဟင်ဂျာဒုက္ခသည်တဦးကို မူးယစ်ဆေးပြားနှစ်သောင်းနဲ့ဖမ်း

September 2, 2026

ဒဂုံမြို့သစ်မှာ ကျပ်သိန်းတထောင့်ငါးရာကျော်တန်ဖိုးရှိ စိတ်ကြွဆေးတွေဖမ်းမိ

September 2, 2026

ဘူးသီးတောင်စက်လှေနစ်မြုပ်မှုမှာ ကူညီကယ်ဆယ်ခဲ့သူတွေကို အာရက္ခအစိုးရဆုချီးမြှင့် (ဓာတ်ပုံသတင်း)

September 2, 2026

အမေရိကန်စစ်သည်ငါးထောင်ကျော်လာရောက်မှုကြောင့် ပတ္တယားမြို့ ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေစည်ကား

September 2, 2026

“အခွန်မူဝါဒဟာ အာရက္ခပြည်သူတရပ်လုံး လုံခြုံတည်ငြိမ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရယန္တရား ရေရှည်တည်တံ့ရေးတို့အတွက် အဓိကရည်ရွယ်ပါတယ်။”

September 2, 2026

​ကရင်နီတပ်ရဲ့ပထမအကြိမ် ညီလာခံကျင်းပပြုလုပ်

September 2, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page