မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်ထဲမှာ ဆုံရွကနေ ဆီမီးခုံမြို့ဘက်ကို လာတဲ့ စစ်ကော်မရှင်တပ်ရဲ့ ရိက္ခာယာဉ်တန်းကိုတိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ People’s Defense Force – Mandalay က ဖေဖော်ဝါရီလ ၂၂ ရက်၊မနေ့ကထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ရဲ အင်အားနှစ်ဆယ်ပါတဲ့ ယာဥ်တန်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊မနက်ပိုင်းက မန္တလေးခရိုင် အမှတ် ၃ တပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သလို၊ဆီမီးခုံဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ ပျူစောထီးနဲ့ ရဲ ၄ ဦးလည်း ထပ်မံသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း G3 သေနတ် ၂ လက်၊ ကာဘိုင် ၁ လက်၊ကင်းထောက်ဒရုန်း ၁ စီးနဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရရှိခဲ့ပေမယ့် မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်တွေကို မန္တလေး PDF နဲ့အတူ ဆီမီးခုံ PDF၊ SRF၊ ဧရာဝတီမင်းသား ပြောက်ကျားတပ်ဖွဲ့ အပါအဝင် ဒေသခံ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။










