Border News Agency
ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၅။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ၁၈ ဦးအထိသေဆုံးသွားပြီး ၁၆ ဦးဒဏ်ရာရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။
အဲဒီ ယိုးငူရွာထဲမှာ ဈေးရောင်းဈေးဝယ်လုပ်နေကြတဲ့ ပြည်သူတွေဟာ နေရာမှာတင် သေဆုံးခဲ့ကြတာပါ။
အဲဒီအပြင် ရွာထဲကလူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းအချို့လည်း မီးလောင်ပြာကျ ပျက်စီးသွားခဲ့ရပါတယ်။
စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူတွေစုဝေးနေတဲ့ ဈေးနေရာကိုလေကြောင်းကနေ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဒဏ်ရာရရှိထားသူတွေကို အရေးပေါ်ဆေးကုသပေးနေရပေမယ့် အခြေအနေတွေက စိုးရိမ်ရဆဲပဲလို့ သိရပါတယ်။


















