Border News Agency
အီရန်၊ မတ် ၁။
အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်ကြီး ခါမေနီနဲ့အတူ ကာကွယ်ရေးဝန်ကြီးအပါအဝင် စစ်ဘက်အရာရှိကြီးတွေ အများကြီး သေဆုံးသွားပြီလို့ အစ္စရေးဘက်က မတ်လ ၁ ရက်၊ ဒီနေ့မှာ နာမည်စာရင်းတွေနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးက “Lion’s Roar” လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ဒီနေ့မနက်ပိုင်းမှာပဲ အီရန်နိုင်ငံထဲအထိ ဝင်ရောက်လုပ်ဆောင်ခဲ့တာပါ။
တီဟီရန်မြို့တော်က အဆောက်အအုံနှစ်ခုမှာ အီရန်စစ်ဘက်အရာရှိကြီးတွေ အဆင့်မြင့်အစည်းအဝေးလုပ်နေတုန်း အစ္စရေးက လေကြောင်းကနေ တိတိကျကျဗုံးကြဲချေမှုန်းခဲ့တာလို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။
သေဆုံးသွားတဲ့စာရင်းထဲမှာ ခါမေနီအပြင် လုံခြုံရေးအကြံပေး အလီရှမ်ခါနီ၊ ကာကွယ်ရေးဝန်ကြီး အဇစ်နာဆီရာဇာဒေးနဲ့ တော်လှန်ရေးအစောင့်တပ် (IRGC) က ထိပ်တန်းတပ်မှူးကြီးတွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ “ခါမေနီ အသက်ရှင်ပါသေးတယ်” လို့ မရေမရာတုံ့ပြန်ထားပြီး အီရန်အစိုးရဘက်ကလည်း ဒီသေဆုံးမှုစာရင်းကို အခုထိတရားဝင်အတည်ပြုတာမျိုး မလုပ်သေးပါဘူး။






